Pages

Tuesday, June 25, 2013

ကြက်ဥများတွင် အန္တရာယ် ဖြစ်စေနိုင်သည့် ဆေးဝါးများ တွေ့ရှိ

၂၅-၆-၂၀၁၃

တရုတ် (တိုင်ပေ) ရှိ ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ကြက်ဥများ အနက် ၈ လုံးကို အာဏာပိုင် များက စမ်းသပ် စစ်ဆေးခဲ့ရာ ၄င်း ကြက်ဥများတွင် စားသုံးသူများ အတွက် အန္တရာယ် ဖြစ်စေနိုင်သော ဆေးဝါး အကြွင်းအကျန် များကို တွေ့ရှိခဲ့ ကြောင်း တိုင်ပေမြို့ ကျန်းမာရေး ဌာန DOH က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။


အာဏာပိုင် များသည် ၄င်းကြက်ဥ များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပထမ ကြက်ဥ တစ်လုံးတွင် Trimethoprim ဆေးဝါး အနည်းငယ် ပါဝင် နေသည်ကို တွေ့ရှိခဲ့ပြီး အခြား ကြက်ဥ တစ်လုံးတွင် Trimethoprim နှင့် Florfenicol ဆေးဝါးများ ပါဝင် နေကြောင်း တွေ့ရှိ ခဲ့သည်။ ထို့အပြင် ကျန်အခြား ကြက်ဥ ၆ လုံးတွင်လည်း ဖော်ပြပါ ဆေးဝါးများ အနည်းငယ် ပါဝင် နေသည်ကို ထပ်မံ တွေ့ရှိ ခဲ့ကြောင်း DOH က ထုတ်ပြန် ခဲ့သည်။ အဆိုပါ ဆေးဝါး များသည် တိရစ္ဆာန် များအတွက် တရားဝင် အသုံးပြုရန် ခွင့်ပြု ထားခြင်း ဖြစ်သော်လည်း ကြက်ဥများတွင် အသုံး မပြုရန် တားမြစ် ထားကြောင်း သိရသည်။


ထို့ပြင် လူသားများ အနေဖြင့် Trimethoprim ဆေးဝါးများအား အလွန်အကျွံ သုံးစွဲမိပါက ကျောက်ကပ် ပျက်စီးခြင်း ၊ Florfenicol နှင့် Thiamphenicol ဆေးဝါးများ သုံးစွဲပါက သွေးအားနည်း ရောဂါများကို ဖြစ်ပေါ် စေနိုင်ကြောင်း သိရှိရသည်။

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...