Pages

Saturday, June 1, 2013

မြင်းမူ ကုလား-မြန်မာ အဓိကရုဏ်း စဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် ကုလား-မြန်မာ အဓိကရုဏ်း စတင်မည့် လမ်းစများ မနေ့က ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ မြင်းမူ ဗလီ ဂျမာအသ်ခန္နာရှေ့ ရှိ လဘက်ရည်ဆိုင် နှင့် လမ်းဒေါင့်ရှိလဘက်ရည်ဆိုင်များသို့ လူအင်အား ၂၀၀ ခန့်က ကျောက်ခဲ များနှင့် ၀ိုင်းဝန်း ပစ်ခတ်သဖြင့် အထိပ်တလန့်ဖြစ်ပြီး တစ်မြို့လုံး ထိတ်ထိတ်လန့်လန့် ဖြစ်ခဲ့ကြောင်း သိရသည်။ အချို့မှာ နေအိမ်မှ ထွက်ပြေးသွားကြပြီး အများစုမှာ မီးလောင်ပါက အလွယ်တကူ ထွက်ခွာနိုင်ရန် ပြင်ဆင်ထားကြကြောင်း သိရသည်။

အခြေအနေ ဆိုးရွားမှု မဖြစ်စေရန် တာဝန်ရှိသူများရဲ့ ထိန်းသိမ်းမှုကြောင့် ယခုအချိန်တွင် ရှင်းလင်း အေးချမ်းသွားပြီဖြစ် ပြီး လုံခြုံရေးတင်းကြပ်လျှက်ရှိကြောင်း သိရသည်။

မြင်းမူမြို့ အချက်အချာ နေရာအားလုံးနီးပါး နှင့် စီးပွားရေးလုပ်ငန်းကြီးအားလုံးနီးပါးသည် ကုလားများ၏ ကြီးစိုးမှုအောက်တွင် ရှိနေပြီး မြင်းမူတွင် သံဃာတော်များ နှင့် ကုလားများ အမြဲလိုလို ပြဿနာဖြစ်လေ့ရှိ သည့်အပြင် ယခင် နှစ်များကလည်း ကုလားများက သံဃာများကို ရိုက်နှက်ခြင်းများ၊ ဗလီ မီးလောင်ခြင်းများ ရှိခဲ့ဖူးပြီး မြင်းမူတစ်မြို့လုံး ပြာကျသည်အထိ ဖြစ်ခဲ့ဖူးကြောင်း သတင်းရရှိသည်။



.. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...