Pages

Monday, June 24, 2013

ပန်းချီ ဆရာ တစ်ဦး လေးလွှာတိုက်ခန်း ဝရန်တာမှ ခုန်ချ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံ(အရှေ့မြောက်)ရပ်ကွက်၊ ဦးချစ်မောင်လမ်း၊ ဓမ္မာရုံမှတ်တိုင် အနီးရှိ ငါးထပ်တိုက် လေးလွှာ တိုက်ခန်းရှေ့ဝရန်တာမှ အသက် ၃၆ နှစ် အရွယ်ရှိ ပန်းချီဆရာတစ်ဦး ခုန်ချ
သေဆုံးခဲ့မှု ဇွန်လ ၂၃ ရက် ညနေ ၄နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ အချို့က The Voice သို့ ပြောကြားသည်။

ခုန်ချ သေဆုံးသူမှာ ပန်းချီဆရာ စောခူကြီး ဆိုသူဖြစ်ပြီး အမှတ် ၁၆၀ဦးချစ်မောင်လမ်း ငါးထပ်တိုက် လေး
လွှာ ညာဘက် အခန်း တွင် နေထိုင်သူ ဖြစ်ကြောင်း၊ မခုန်ချမီ မိနစ်ပိုင်းအလိုက တိုက်ခန်း အတွင်း လမ်း
လျှောက်နေပြီး ၎င်း၏ဇနီးက အဝတ်လျှော်စက် ပိတ်ရန် တိုက်ခန်း အနောက်ဘက်သို့ သွားရောက်နေစဉ် ပန်းချီဆရာက အရှေ့ဝရန်တာတံခါးကိုဖွင့်ကာ ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ဇနီး ပြောကြားချက်
ကို ကိုးကား၍ စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အရက် ဖြတ်ထားသည်မှာ မကြာသေး၍ ဂရုစိုက်ရန် လိုအပ်နေသူ ၎င်းကို ဇနီးသည်က ဂရုတစိုက် ကြည့်
နေသော်လည်း အဝတ်လျှော်စက်ပိတ်ချိန် တစ်ခဏအတွင်းမှာပင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တိုက်အနီးတွင် မုန့်မျိုးစုံ ဖွင့်လှစ် ရောင်းချသူ ဒေါ်သင်းသင်းဦးက ရှင်းပြသည်။

“သူပြုတ်ကျတဲ့ နေရာမှာ ကားတစ်စီးက ကွယ်နေတော့ ကားပေါ်ကပဲ ပြုတ်ကျတယ် ထင်နေတာ၊ ဘေးက အကြော်သည် အဒေါ်ကြီး အော်တော့မှ တိုက်ပေါ်က ပြုတ်ကျတာမှန်း သိတာ” ဟု မျက်မြင် တွေ့ရှိသူ ဦး
ခင်မောင်မြင့်က ပြောကြားသည်။

ခုန်ချခဲ့သူသည် ပလက်ဖောင်းကို မေးတင်ကာ ပြုတ်ကျခဲ့ပြီး လာရောက် ကူညီခဲ့သူကို မပီမသ စကားများ
ပြန်လည် ပြောကြားခဲ့ပြီးနောက် ၁၅ မိနစ် အကြာတွင် ငြိမ်ကျသွားရာ အငှားယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီး
သို့ တင်ပို့စဉ် လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ကိုယ်တိုင်ပွေ့ထူကာ ကူညီခဲ့သူ ဦးခင်မောင်မြင့်က ရှင်း
ပြသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို မေးမြန်းပါရန် ရဲအရာရှိတစ်ဦးက ပြန်လည်ဖြေကြားသည်။

The Voice Weekly


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...