Pages

Thursday, June 27, 2013

မြန်မာ့ရွှေဈေး နဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျ

Photo: 
မြန်မာ့ရွှေဈေး နဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျ
Thursday, June 27, 2013

ကမ္ဘာ့ရွှေဈေး တောက်လျှောက် ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေဈေး တက်ရာ
 ကနေ အခု ရက်ပိုင်း အတွင်းမှာ တော့ တဖြည်းဖြည်း ကျဆင်း လာနေ ပါတယ်။

ပြီးခဲ့တဲ့ တပတ်က ရွှေတကျပ်သား ကျပ် ၇ သိန်း အထက်မှာ ရှိပေမယ့် အခု 
ရက်ပိုင်းမှာ ကျပ် ၆၉၀,၀၀၀ ကျော် သာ ရှိပါတော့တယ်။

မြန်မာ့ရွှေဈေး ဟာ ကမ္ဘာ့ ရွှေဈေး အတိုင်း အတက် အကျ မဖြစ်ရခြင်း အကြောင်းက 
ကမ္ဘာ့ ရွှေဈေး ကို ဒေါ်လာဈေး ထည့်တွက်ပြီးမှ မြန်မာကျပ်ငွေ အရ ရွှေဈေး ကို 
တွက်တဲ့ အတွက် ကမ္ဘာ့ ရွှေဈေး ကျပေမယ့် ငွေလဲနှုန်း မကျရင် မြန်မာ့ ရွှေဈေး 
မကျတဲ့ အကြောင်း ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အမေရိကန် ဒေါ်လာဈေး တက်ရင် မြန်မာ့ရွှေဈေး ဟာလည်း ငွေလဲနှုန်း ကို 
အမီပြုနေလို့ ရွှေဈေး မကျပုံ ကို ရှင်းပြပါတယ်။ မြန်မာနိုင်ငံ မှာ ရွှေဈေး 
ဟာ ဈေးကစားတဲ့ အသွင် မဆောင်ဘဲ ရာသီ နဲ့ အချိန်အခါလိုက် ပြောင်းလဲ တတ်ပုံ၊ 
သိရပါတယ်။

အထူးသဖြင့် ကျောင်းဖွင့်ချိန်၊ မိုးတွင်း ကာလ ဆိုရင် ရွှေဈေး အေးနေ တတ်သလို
 စပါးပေါ်ချိန်၊ ပွင့်လင်းရာသီ၊ ငွေပေါ်ချိန်၊ ကထိန် စတဲ့ ပွဲလမ်း သဘင် 
ရှိချိန် ဆိုရင် မြန်မာနိုင်ငံမှာ ရွှေဈေးတက်လေ့ ရှိပုံ ကို ရွှေဆိုင် 
ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC Burmese
ရွှေဈေး အတက်အကျ ဒေါ်လာဈေးနဲ့ ဆိုင်
ကမ္ဘာ့ရွှေဈေး တောက်လျှောက်ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေဈေးတက်ရာကနေ အခုရက်ပိုင်း အတွင်းမှာ တော့တဖြည်းဖြည်း ကျဆင်း လာနေပါတယ်။

ပြီးခဲ့တဲ့ တပတ်က ရွှေတကျပ်သား ကျပ် ၇ သိန်း အထက်မှာ ရှိပေမယ့် အခု ရက်ပိုင်းမှာ ကျပ် ၆၉၀,၀၀၀ ကျော်သာ ရှိပါတော့တယ်။

မြန်မာ့ရွှေဈေးဟာ ကမ္ဘာ့ ရွှေဈေးအတိုင်း အတက်အကျမဖြစ်ရခြင်းအကြောင်းက ကမ္ဘာ့ ရွှေဈေး ကို ဒေါ်လာဈေးထည့်တွက်ပြီးမှ မြန်မာကျပ်ငွေအရ ရွှေဈေးကိုတွက်တဲ့အတွက် ကမ္ဘာ့ ရွှေဈေး ကျပေ မယ့် ငွေလဲနှုန်း မကျရင် မြန်မာ့ ရွှေဈေး မကျတဲ့ အကြောင်း ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အမေရိကန် ဒေါ်လာဈေး တက်ရင် မြန်မာ့ရွှေဈေး ဟာလည်း ငွေလဲနှုန်း ကို အမီပြုနေလို့ ရွှေဈေး မကျပုံ ကို ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ ရွှေဈေးဟာ ဈေးကစားတဲ့အသွင် မဆောင်ဘဲ ရာသီနဲ့ အချိန် အခါ လိုက် ပြောင်းလဲ တတ်ပုံ၊ သိရပါတယ်။

အထူးသဖြင့် ကျောင်းဖွင့်ချိန်၊ မိုးတွင်း ကာလ ဆိုရင် ရွှေဈေး အေးနေ တတ်သလို စပါးပေါ်ချိန်၊ ပွင့်လင်းရာသီ၊ ငွေပေါ်ချိန်၊ ကထိန် စတဲ့ ပွဲလမ်း သဘင် ရှိချိန် ဆိုရင် မြန်မာနိုင်ငံမှာ ရွှေဈေးတက်လေ့ ရှိပုံ ကို ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC Burmese
ရွှေဈေး အတက်အကျ ဒေါ်လာဈေးနဲ့ ဆိုင်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...