Pages

Friday, June 14, 2013

အိုးအိမ်ပိုင်ဆိုင်မှု ရှိစေရန် ရန်ကုန် ၅၁ လမ်းအိမ်ရာနေ ပြည်သူများ ခေတ္တပြောင်းရွှေ့ပေးရမည်


ရန်ကုန် ၊ ၁၄-၆-၂၀၁၃

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဆောက်လုပ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန မှ ပိုင်ဆိုင်သည့် ဗိုလ်တထောင် မြို့နယ် ၊ (၅၁)လမ်း အိမ်ရာအား အဆင့်မြင့်တင် ပြန်လည် တည်ဆောက်မည် ဖြစ်၍ အိမ်ရာ စခန်းနေ ပြည်သူများအား ပြောင်းရွှေ့ စရိတ် အသီးသီး ပေးကာ ခေတ္တ ပြောင်းရွှေ့ ပေးရမည် ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ဗိုလ်တထောင် ရုံးခွဲ၏ ထုတ်ပြန်ချက် အမှတ် အခရ/ရက/ ဗတထ (၅၁)လမ်း ၂၀၁၃ /၀၅၆ အရ ၂၀၁၃ ခုနှစ် မေလ ၂၈ ရက် ရက်စွဲပါ စာအရ သိရသည်။

မူလ အိမ်ငှားများ အနေဖြင့် ပြောင်းရွှေ့ရာတွင် အခွင့်အရေး သုံးရပ်မှ တစ်ခုအား ရွေးချယ်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မိမိ အစီအစဉ်ဖြင့် အိမ်ငှား နေထိုင်မည် ဆိုပါက တစ်လလျှင် ကျပ် ၁၅၀၀၀၀ ဖြင့် နှစ်နှစ် အတွက် ကျပ် ၃၆ သိန်း ထုတ်ပေးမည် ဟု သိရသည်။

အဆောက်အအုံ ဆောက်လုပ် ပြီးစီးပါက ပြန်လည် ပြောင်းရွှေ့ လာလျှင်လည်း အားလုံး အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ စီမံခန့်ခွဲရေး နှင့် အိမ်ခြံမြေ ဌာနခွဲ ၊ ပြန်လည် နေရာချထားရေး နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန မှ သိရသည်။


ဖျက်သိမ်းမည့် တိုက်များမှာ စုစုပေါင်း ၇ လုံးရှိပြီး တိုက်အမှတ် ၂ မှ တိုက်အမှတ် ၆ အထိ ၅လုံးအား ပထမဆုံး ဖျက်သိမ်းမည် ဖြစ်ကာ တိုက်အမှတ် ၁ နှင့် တိုက်အမှတ် ၇ အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြဝတီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...