Pages

Wednesday, June 26, 2013

မြန်မာ-အမေရိကန် စီးပွားရေးတိုးမြင့်လာသဖြင့် ဒေါ်လာငွေလဲနှုန်းတက်ဟုဆို

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု များ ဖြေလျှော့ပေးပြီး နှစ်နိုင်ငံကြား စီးပွားရေး ဆက်ဆံမှု တိုးတက် လာသောကြောင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ အတက်ဘက်သို့ ဦးတည်နေခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒေါ်လာလဲနှုန်း သတ်မှတ်ချက်မှာ တဖြည်းဖြည်းချင်းသာ ပြန်လည် မြင့်တက်လာခြင်းဖြစ်သည့်အတွက် စိုးရိမ်စရာ မရှိကြောင်း ၎င်းက သုံးသပ်သည်။

မလေးရှားမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာအလုပ်သမားများထံ မှ ဒေါ်လာ ဝယ်စုခြင်းများ ရှိနေခြင်းကြောင့် ပြင်ပ ငွေလဲ ဈေးကွက်တွင် မာနေခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဒေါ်လာဈေး တက်လာသည့်အတွက် ပို့ကုန်ဈေးကွက်အတွက် ပိုမိုကောင်းမွန်လာနိုင်ကြောင်း မြန်မာနိုင်ငံသည် ပို့ကုန်လုပ်ငန်းကို အဓိက အားထားရသဖြင့် ဒေါ်လာဈေး တက်လာခြင်းမှာ အခြေခံ လူတန်းစား များအတွက် ကောင်းမွန်သည့် အခွင့်အလမ်းဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင် အချို့က ရှုမြင်သည်။

အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်လွှားတွင် စတော့ရှယ်ယာဈေး ကျဆင်းနေသည့်အတွက် ရွှေဈေး ကျဆင်းပြီး ဒေါ်လာဈေး တက်နေခြင်းဖြစ်ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ အကျိုးဆောင် ဦးစန်းဝင်းက ပြောကြားသည်။

ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာလဲနှုန်း သတ်မှတ်ချက်မှာ ဇွန်လ ၁၀ ရက်နေ့က တစ်ဒေါ်လာလျှင် ၉၄၆ ကျပ်မှ တဖြည်းဖြည်း မြင့်တက် လာခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၉၅၅ ကျပ် သတ်မှတ်ထားကာ ပြင်ပငွေလဲ ဈေးကွက်တွင် တစ်ဒေါ်လာ ၉၉၀ ကျပ် ခန့် ဈေးပေါက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။


From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...