Pages

Wednesday, June 26, 2013

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တစ်နှစ် လျှင် ရေနံစိမ်း တန်ချိန် နှစ်သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ မြန်မာနိုင်ငံ အတွက် ရရှိမည်

petroleumandnaturalgas-june26ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ပိုက်လိုင်းစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)
မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် နှစ်သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ ရရှိမည်ဖြစ်ကြောင်း CNPC မှ ရရှိသော သတင်းများ အရ သိရှိရသည်။


"မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းက နေပြီးတော့ တစ်နှစ်မှာ ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မှာ ဖြစ်ပြီးတော့ Process Station ငါးခုနဲ့ တန်ချိန်သုံးသိန်း အဆင့်ရှိတဲ့ ရေနံစိမ်းဆိပ်ကမ်း တစ်ခုကို တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အနေနဲ့တော့ တစ်နှစ်မှာ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကနဦး အဆင့်မှာတော့ တစ်နှစ်ကို ကုဗမီတာ ၅ ဒသမ ၂ ဘီလျံပဲ ပို့ဆောင်နိုင် မှာဖြစ်ပြီး Process Station ၆ ခု တည်ဆောက် သွားမှာ ဖြစ်ပါတယ်။  အဲဒီအထဲကမှ ရေနံစိမ်း တန်ချိန် နှစ်သန်းနဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ် ဘီလျံ ကို မြန်မာနိုင်ငံ အတွက် ပေးသွား မှာပါ" ဟု မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း အကောင်အထည် ဖော်နေသော SEAOP & SEAGP မှ Deputy Director ဖြစ်သူ Mr.Zhang က ပြောပြခဲ့သည်။

အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ offloading point မှာ ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာနှင့် မန္တလေးတို့ဖြစ်ကြောင်းနှင့် ရေနံစိမ်း ပိုက်လိုင်းအတွက် offloading point မှာ စကုဖြစ်ကြောင်း သိရသည်။ အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ လာမည့်ဇူလိုင်လတွင် စမ်းသပ်ပို့လွှတ် မည် ဖြစ်ကြောင်း၊ ရေနံစိမ်း ပိုက်လိုင်းတည်ဆောက်မှုမှာ လာမည့်စက်တင်ဘာလတွင် ပြီးစီးနိုင်ဖွယ် ရှိကြောင်းလည်းသိရ သည်။ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း အတွက်မူ ဖြတ်သန်းခ အနေဖြင့် ရေနံစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် စုစုပေါင်းတန်ချိန် ၂၂ သန်း ပို့လွှတ်မည် ဖြစ်သောကြောင့် ဒေါ်လာ ၂၂ သန်း ပေးဆောင်ရမည်ဖြစ်ကြောင်း . . . . .

စွမ်းအင်ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ပြည်တွင်းသုံးစွဲမှု ပမာဏမှာ တစ်ရက်လျှင် သန်းပေါင်း ၅၉၀ mmcfd (cubic feet per day) လိုအပ်ကြောင်းနှင့် လတ်တလောတွင် တစ်နေ့လျှင် ၂၄၀ mmcfd သာ ပေးနိုင်သေးကြောင်း၊ အလားတူ ရေနံစိမ်း လိုအပ်ချက် တစ်နေ့လျှင် စည်ပေါင်း ၆၀၀၀၀ လိုအပ်နေပြီး လက်ရှိအနေအထားတွင် ၂၀၀၀၀ သာ သုံးစွဲနိုင်သေးကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် ရှိနေသော လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး ရရှိမှုအပိုင်းတွင် အခက်အခဲများစွာ ရှိနေသေးကြောင်းနှင့် အလားတူ စက်မှုဇုန်များ အနေဖြင့်လည်း တစ်နေ့လျှင် ပုံမှန်အားဖြင့် လေးနာရီနှင့် ငါးနာရီ ကြားတွင်သာ ရရှိသေးကြောင်း သိရှိရသည်။

ယင်းကဲ့သို့သော အနေအထားများကြောင့် မြန်မာနိုင်ငံ နေပြည်တော် တွင် ပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲ တွင် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးထင်အောင် က မြန်မာနိုင်ငံ ၏ စွမ်းအင်ကဏ္ဍအား ပြန်လည် reform ပြုလုပ်ရန် လိုအပ်နေကြောင်း ပြော ကြားသည်။

အဆိုပါ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း အတွက်မူ ဖြတ်သန်းခ အနေဖြင့် ရေနံစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ပေးဆောင် ရမည်ဖြစ်ပြီး တစ်နှစ်လျှင် စုစုပေါင်းတန်ချိန် ၂၂ သန်း ပို့လွှတ်မည် ဖြစ်သောကြောင့် ဒေါ်လာ ၂၂ သန်း ပေးဆောင် ရမည်ဖြစ်ကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...