Pages

Sunday, June 30, 2013

ပြင်ဦးလွင်မြို့တွင် ယနေ့နေ့လယ်က ပေါက်ကွဲမှုဖြစ်ပွား

ဓါတ်ပုံ - Popular Myanmar News Journal

ဓါတ်ပုံ - Popular Myanmar News Journal
မန္တလေး ဇွန် ၃၀

ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ် ၁နာရီခွဲခန့်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ သိရသည်။

ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ပေခန့်အကွာ ဈေးလေးအနီး နေမင်း ဂျုံစက်အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် ဗိုလ်လောင်းသင်တန်းသားတစ်ဦး ထိခိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မှာ ရစရာမရှိအောင် စုတ်ပျက်သွားကြောင်း
မျက်မြင်တွေ့ရှိသူများက ပြောသည်။

"အုန်းအသံကျယ်ကြီးကြားရတယ်။ ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ။ ထိခိုက်သူတွေကို လူနာတင်ကားနဲ့ခေါ်သွားတာတွေ့တယ်။ တခြားထိခိုက်တာ တော့ မတွေ့ဘူး။ တပ်ကြပ်ကြီးက နောက်စေ့ကို
ထိသွားတာတွေ့တယ် ဟုပြင်ဦးလွင်ဒေသခံ ကိုနေမျိုးက ပြောသည်။

ဖိုးလပြည့်

 Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...