Pages

Wednesday, June 26, 2013

“သင်္ဘောမှောက်ပြီး ရေအောက် တွင် ၃ ရက်ကြာ ပိတ်မိ ခဲ့သူ အသက်ရှင် လွတ်မြောက်”

Photo: “သင်္ဘောမှောက်ပြီး ရေအောက်တွင် ၃ ရက်ကြာ ပိတ်မိခဲ့သူ 
အသက်ရှင်လွတ်မြောက်”

သင်္ဘောမှောက်ရာမှ ရေအောက်ထဲ နစ်မြုပ်သွားသူ တစ်ဦးသည် ပိတ်မိနေသည့် 
အနေအထားတွင် (၃)ရက်ကြာ အသက်ရှင်ပြီး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။ 
အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီက မိမိကိုယ်ကိုယ် သေလူအဖြစ် 
သတ်မှတ်ထားပြီးမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

နိုက်ဂျီးရီးယား နိုင်ငံသား ထမင်းချက်သည် မေလ (၂၆)ရက်နေ့က အတ္တလန္တစ် 
သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယား ကမ်းလွန်တွင် Jascon-4 သင်္ဘော နစ်မြုပ်စဉ်က 
ရေအောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် သင်္ဘောထဲတွင် ပိတ်မိနေပြီး မှောင်မည်း
 အေးခဲနေသော ရေထဲတွင် ရှိနေခဲ့ရာ စိတ်လျှော့ခါနီး အခြေအနေကျမှ အမှောင်ကို 
ဖောက်ထွင်းလာသည့် အလင်းရောင် တစ်ခုနှင့် ကယ်ဆယ်ရေးသမားများကို တွေ့ရှိခွင့်
 ရခဲ့ခြင်း ဖြစ်သည်။သင်္ဘောမှောက်ရာမှ ရေအောက်ထဲ နစ်မြုပ်သွားသူ တစ်ဦးသည် ပိတ်မိနေသည့် အနေအထားတွင် (၃) ရက်ကြာ အသက်ရှင်ပြီး လွတ်မြောက်လာခဲ့ကြောင်းသိရှိရသည်။ အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီ က မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက် လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ သည်။


နိုက်ဂျီးရီးယား နိုင်ငံသား ထမင်းချက်သည် မေလ (၂၆)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာအတွင်း နိုက်ဂျီး ရီးယား ကမ်းလွန်တွင် Jascon-4 သင်္ဘော နစ်မြုပ်စဉ်က ရေအောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် သင်္ဘောထဲတွင် ပိတ်မိနေပြီး မှောင်မည်း အေးခဲနေသော ရေထဲတွင် ရှိနေခဲ့ရာ စိတ်လျှော့ခါနီး အခြေအနေ ကျမှ အမှောင်ကို ဖောက်ထွင်းလာသည့် အလင်းရောင် တစ်ခုနှင့် ကယ်ဆယ်ရေးသမားများကို တွေ့ရှိခွင့် ရခဲ့ခြင်း ဖြစ်သည်။

Myawady News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...