Pages

Monday, June 24, 2013

စေရာ

လွှမ်းခြုံမဲ့ ဝတ်လစ်စလစ်..ကိုယ်ကျင့်တရားတွေ
လမ်းမပေါ်လမ်းသလား...
ပုတ်သိုးညှီနေတဲ့..မျက်နှာတွေ
အဆီတထစ်ထစ်....
သူတို့အရစ်ကျခွဲဝေနေတာ သံသရာ...
အမှန်က...

သူတို့ကျင်လည်တဲ့စက်ဝိုင်းက
ဒေသနာကိုမေ့....ကျွန်တော့်တို့ကို
ပျော်ပျော်ကြီး သူတို့လာတွေ့ကြတယ်...။

နူတ်ဆတ်ခြင်းတွေမှာ
မသတီစရာတွေ
တွေ့တွေ့နေရတယ်...။

အိုအရှင်..
ငါသည်..ကောင်းကင်တမန်ဖြစ်ပါစေ..
.။

မိုးစက်သွန်းဖြိုး...
ဟောဒီကမ္ဘာကြီး နိုးထဖို့ ..
သူ၏ မျက်နှာပြင်ကို
ရေစင်ပေါက်လို့ သန့်ရှင်းပါစေမည်...။
အိပ်မှုန်စုတ်ဖွား နိုးထလာတဲ့
အို...ကမ္ဘာ
သင်၏မြေပေါ်၌ လွှမ်းခြုံမဲ့ ဝတ်လစ်စလစ်တွေ
ဆွဲယူသန့်စင်မြေမြှပ်ပါ...
ထို့အတူ..
သင်၏ မနတ်ခင်းအတွက်...
ကဗျာပန်းတွေ အလှထိုးပါ....။

သမိုင်းထဲမှာ ခေါင်းမဖော်ဝံ့တဲ့
သစ္စာကောင်ပါ....။

မာနကိုမျက်နှာဖုံးတပ်
ဟန်လုပ်နေတတ်တဲ့ကျူပ် ..
ကျူပ်သမိုင်းလှကြောင်း
သင်သိပါစေ အို..ကမ္ဘာမြေ..


မောင်သစ္စာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...