Pages

Monday, June 24, 2013

ယနေည မိန့်ကြားသော ဆရာတော်ဦးဝီရသူ ၏ နှုတ်ခွန်းဆက်သံ

“အွန်လိုင်းပရိသတ်ကြီး မင်္ဂလာပါ”

TIME-မဂ္ဂဇင်းပါ သတင်းနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမှ ရဟန်းရှင်လူ ပြည်သူအများ၏ အားပေး စကားများကြောင့် ဦးပဉ္စင်းဝီရသူ ပို၍ပင် အားရှိ အားပြည့် သွားပါပြီ။ သည်အတွက် အထူးပင် ကျေးဇူးတင် မိပါသည်။

ဦးပဉ္စင်းငယ်စဉ် ကျောင်းသားဘဝက တော်လှန်ရေးတရုတ်ဇာတ်ကား ကြည့်ခဲ့ဖူးပါသည်။ တီလုံးနှင့် တော်လှန်ရေး လူငယ်အနဲစုလေးက အင်အားသောင်းချီရှိသည့် ရန်သူများကို ခုခံကာကွယ်နေ သည် ကို မကြည့်ရက် မမြင်ရက်သော ဒေးဗစ်ချမ်းက အားနည်းသူ တီလုံးဘက်မှ ဝင်ရပ်တည်လိုက်သည့် အခါ ရန်သူများ ကျဆုံးသွားကြပါသည်။

ဦးပဉ္စင်းဝီရသူကို TIME-မဂ္ဂဇင်းလို လက်နက်ကြီးဖြင့် အနိုင်ကျင့် စော်ကားသည်ကို မကျေနပ်ကြသော ကြောင့် မဖြစ်ဖူးမြဲ၊ ထူးခဲဖြစ်စဉ်တစ်ရပ် အနေဖြင့် ပြည်တွင်းပြည်ပမှ ရဟန်းသံဃာတော်များ၊ ပြည်သူ ပြည်သားများ ညီညွှတ်စည်းလုံးနိုးကြား တက်ကြွလာသည်မှာ မည်သည့် ခေတ်နှင့်မျှ မတူပါ။ ကြည်ညိုလေးစား အားရကျေနပ်ဖွယ် ကောင်းလှပါသည်။ ဒေးဗစ်ချမ်းများ ပေါ်လာပြီး၊ အမျိုးသားလုံခြုံရေး လှုပ်ရှားမှု အောင်တော့မည်ဟုပင် ခံစားမိပါသည်။ အပြင်းအထန် ကန့်ကွက်ရှုတ်ချပေးကြသော သတင်းမီဒီယာ အားလုံးနှင့် အွန်လိုင်းမိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါသည်။

ဓမ္မဘက်မှ ရပ်တည်ပေးသော သမ္မတရုံးကြေညာချက်ကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။

အငိုသန် အချွဲသန်သူတို့၏ ငိုပြ ချွဲပြသည်ကို အဟုတ်ထင်နားယောင်ကာ ကျောင်းပေါ်ထိတက်၍ စော်ကားခဲ့သော Hannah Beech-သူငယ်မခမျာ သနားစရာကောင်းလှပါသည်။ ဦးပဉ္စင်းကတော့ မေတ္တာ မပျက်ပါ။

၂၇-၆-၂၀၁၃-ရက်နေ့တွင် ကျင်းပမည့် အင်းစိန်ရွာမ ညီလာခံသို့လည်း ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်ပါသည်။ မည်သည့်ခေတ် မည်သည့်အခါနေ့မျှ မတူသော သံဃာထု လူထု၏ စည်းလုံးညီညွှတ် မှုကို ဖူးမြင်ကြည်ညိုရမည် ဖြစ်ပါသည်။



အမျိုးသားရေးဝါဒီ

ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)

၂၄-၆-၂၀၁၃

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...