Pages

Sunday, June 30, 2013

ဝန်းသိုမြို့နယ်တွင် ကလေး(၃၀၀)ခန့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်

စစ်ကိုင်းတိုင်း ဒေသကြီး ၀န်းသိုမြို့နယ်တွင် ယခုလပိုင်းမှ စတင်ကာ ကလေးငယ်များ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားလျက်ရှိသည်။

ယခုရက်ပိုင်း အတွင်း ကလေးငယ်(၃၀၀)ဦးခန့် အထိ ဖြစ်ပွားခဲ့ကာ ၀န်းသိုမြို့နယ် ဆေးရုံတွင် နေရာ မလောက်၍ ကလေးငယ် များအား နေရာထိုင်ခင်း အဆင်မပြေကြောင်း သိရသည်။

ဝန်းသိုမြို့နယ် ပြင်ပဆေးခန်းများတွင်လည်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် လူနာများ အပြည့်ဖြစ်နေကြောင်း သိရသည်။

ဝန်းသိုမြို့နယ်သည် ကသာခရိုင်အတွင်း တည်ရှိပြီး ဆေးရုံကြီးများသို့ တက်ရောက်ကုသရန် လမ်းပန်းဆက်သွယ်ရေး မကောင်းသောကြောင့် ရောဂါကုသရာတွင် နှောင့်နှေးကြံ့ကြာမှုများ ရှိနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိမြို့နယ်များတွင် ဆေးရုံကြီးများမရှိသောကြောင့် အရေးပေါ်လူနာများ ဆေးကုသမည်ဆိုပါက မန္တလေးဆေးရုံသို့သာ သွားရောက်ကုသရ သည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

သဉ္ဖာဦး

by Myanmar News Now a

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...