Pages

Saturday, June 8, 2013

သတိ နဲ့ အေးစေ


စစ်စိမ်းရောင် အ၀တ်တစ်ထုပ်နဲ့မို့ အာဏာရှင် လက်ကိုင်တုတ်လို့ ဆိုသူတွေကဆိုကြတယ်။
ကိုယ်လက်အင်္ဂါ မစုံမပါတာကို သိတဲ့အခါ ရှောင်သူတွေက ရှောင်ကြတယ်။
ဒါပေမယ့် သူပေးဆပ်ခဲ့တဲ့ ခြေတစ်ဖက်ဟာ သူ့ကိုယ်ကျိုးအတွက် မဟုတ်ဘူးဆိုတာ ဘယ်သူမှ မသိကြဘူး။
သူလျှောက်နေရတဲ့လမ်း ဘယ်လောက်ကြမ်းနေလဲဆိုတာ ဘယ်သူမှ မခံစားပေးကြဘူး။
အနားမှာ မခွဲမခွာနဲ့ သစ္စာရှိတဲ့ ကြင်သူကြောင့် လမ်းဘေးမှာ ဖျာတစ်ချပ်နဲ့ သူအိပ်စက်ခဲ့လည်း ကျေနပ်နေမိပါလိမ့်မယ်။
သူတို့နှစ်ဦးအတွက် ရုပ်ဆိုးက ဂုဏ်ပြုပေးခဲ့တယ်။ သတိနဲ့ အေးစေတဲ့…
===========================================

သတိ နဲ့ အေးစေ
------------------
ယုံကြည်ချက်သတိ
အမြဲရှိနေပေမဲ့
အနာဂါတ်တွေ ဘယ်လိုနေ
တို့ဘဝတွေ က အေးစေ ပေါ့....။

တာဝန်အတွက် သတိ
အမြဲ ရှိနေပေမဲ့
ခံစားခွင့် ဘယ် မှာ နေ
တို့ အတွက်တော့ အေးစေ ပေါ့ ...။

ပေးဆပ်ခြင်း သတိ
တို့ အမြဲရှိနေပေမဲ့
သိမှတ် မှုတွေ ဘယ်မှာနေ
တို့ အတွက် တော့ အေးစေ ပေါ့ ...။

စွန့် လွှတ်ခြင်း သတိ
တို့ ရင်ထဲ အမြဲ ရှိနေပေမဲ့
လေးစား မှု တွေ ဘယ်မှာ နေ
ငါတို့တွေ အတွက် အေးစေ လား ...။
ငါတို့တွေ အတွက် အေးစေ တဲ့ လား ...။
(ရုပ်ဆိုး)

အေးချမ်းမွန်မှ Oppositeyes တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


 Oppositeyes
  

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...