Pages

Saturday, June 22, 2013

နမ္မတူ မူလွန်ကျောင်းအုပ် ရုံးခန်း မူစလင်ဥက္ကဋ္ဌ ၀င်ရောက်ပွဲကြမ်း

ရှမ်းပြည်နယ်၊ နမ္မတူမြို့၊ အမက (၃) မူလွန်ကျောင်းမှာ ကျောင်းသား ကျောင်းသူပေါင်း (၂၅၀) ခန့်ရှိပါတယ်။ ကျောင်းအုပ်ဆရာမကြီး အမည်က ဒေါ်သန်းသန်းမြင့်ပါ။ Assembly-စီပြီးလို့ ကျောင်းသား/သူတိုင်း ကိုယ့်အခန်းကိုဝင်တဲ့အခါတိုင်း လက်အုပ်ချီ တန်းစီသွားဖို့ စည်းကမ်းသတ်မှတ်ထားတာ သုံးလေးနှစ်ရှိပါပြီ။

ဒါကို ဘုရားရှိခိုးခိုင်းပါတယ်ဆိုပြီး (၇)နှစ်တန်းကျောင်းသူ မယမင်းဖြူစင်က မိဘတွေကို တိုင်ကြားပါတယ်။ မယမင်းဖြူစင်ရဲ့ဖခင်က ဗလီဆရာ ဦးလှမြတ်ပါ။

ဦးလှမြတ်က မူစလင်ဥက္ကဋ္ဌ ဦးကျော်ဋ္ဌေး (ခ) ကိုကြွက်ကို ထပ်မံတိုင်ကြားပါတယ်။ ဦးကျော်ဋ္ဌေးက ဆယ်အိမ်မှူး ဦးစိုးမြင့်(ဗမာ/ဗုဒ္ဓ) ကို အကူအညီတောင်းကာ အမက (၃) သို့ ရောက်လာပါတယ်။

ကျောင်းအုပ်ဆရာမကြီးရဲ့ ရုံးခန်းထဲဝင်ပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါနဲ့မောနဲ့ ရန်တွေ့ပါတယ်။ အတင်းအဓမ္မ ဘုရားရှိခိုးခိုင်းတယ်၊ ဗမာဇာတ်သွင်းတယ် လူ့အခွင့်အရေးချိုးဖောက်တယ် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲတာပါ။

ကျောင်းအုပ်ဆရာမကြီးက ပရိတ်သက်ရှေ့မှာဘဲ မျက်ရည်တွေတွေကျပြီး ၀မ်းနည်းပက်လက် ငိုကြွေးနေတာတောင် ရန်တွေ့တာမရပ်သေးလို့ ဆရာ ဆရာမများက အာဏာပိုင်တွေထံ အကူအညီတောင်းလိုက်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ရောက်လာပါတယ်။ 20.6.2013 မနက် 9:00 နာရီမှာ ဖြစ်ပွားတဲ့ပြဿနာ 12:00 နာရီမှာ ပြီးဆုံးသွားခဲ့ပါတယ်။ အထက်ကိုတင်ပြပေးပါ့မယ်။ အထက်ကဆုံးဖြတ်တဲ့အတိုင်း ဖြစ်စေရပါမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြောဆိုဖြေရှင်း ပေးခဲ့ပါတယ်။

ပြဿနာဖြေရှင်းနေစဉ် ကျောင်းသား မိဘအချို့နှင့် လူငယ်အချို့ ရောက်ရှိလာပြီး အခြေအနေကို အကဲခတ်ကြည့်နေကြကြောင်း အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို သဘောတူလက်ခံလို့ အေးအေးဆေးဆေး ပြန်သွားကြကြောင်း သိရပါတယ်။

စုံစမ်းရန်-        082-87007 (ဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး)။

                   09-49244347 (ကျောင်းအုပ်ဆရာမကြီး)။


From : ..wira thu

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...