အင်ဒိုနီးရှား နိုင်ငံက တောင်ယာရှို့မီးတွေ စင်ကာပူနဲ့ မလေးရှား နိုင်ငံကိုပြန့်နှံ့ပြီးနောက် ဒီနိုင်ငံတွေနဲ့ သံတမန်ရေးအရ တင်းမာမှုတွေဖြစ်ပြီး အခုအခါမှာ အင်ဒိုနီးရှား အစိုးရက စစ်သည်အင်အား ၁၆၀၀ကို အသုံးချပြီးတောမီးတွေကို ငြိမ်းသတ် နေပြီလို့ သိရပါတယ်။
မီးခိုးမှိုင်းတွေ စင်ကပူနဲ့ မလေးရှားနိုင်ငံတွေမှာ ပိတ်ဆို့ခဲ့တဲ့အတွက် စင်ကပူနဲ့ မလေးရှား အစိုးရတို့နဲ့ တကြက်ကြက် အပြန်အလှန် စကားများခဲ့ကြပါတယ်။
စင်ကပူနဲ့ မလေးရှားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံကို ပျိုးခင်းတွေအတွက်တောမီးရှို့တာကို လက်ညိုးထိုး အပစ် တင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံကလည်း ဒီပျိုးခင်းတွေကိုလာပြီး မီးရှို့တာဟာ စင်ကပူနဲ့မလေးရှားနိုင်ငံကကုမ္ပဏီ တွေဖြစ်တယ်လို့ ပြန်ပြီး စွပ်စွဲခဲ့ပါတယ်။
အခုအခါမှာ မီးတွေငြိမ်းသတ်ဖို့ ပျိုးခင်းကုမ္ပဏီတွေကလည်း ရဟတ်ယာဉ်တွေနဲ့ ရေတွေ လိုက်ပြီး ကြဲချ ပက်ဖြန်းပေးနေပြီ ဖြစ်ပါတယ်။ အခုလို စုပေါင်း လုပ်ဆောင်နေတဲ့ မီးငြိမ်းသတ်မှုဟာ ထိ ရောက်မှုတွေ ရှိနေပြီလို့ သိ ရ ပါတယ်။ အင်ဒိုနီးရှားသမ္မတ Susilo BB Yudoyono ကတော့ ရက် ၃၀ အတွင်းအပြီး ငြိမ်းသတ်ရမည်လို့ အမိန့် ထုတ်ပြန်ထားပါတယ်။
ABC Radio Australia

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...