Pages

Wednesday, June 26, 2013

ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များနှင့် တွေ့ဆုံ ရာတွင် ပြောကြားသည်။


မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာက တကယ်ပဲ ခြိမ်းခြောက်ခံနေ ရသောကြောင့် ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး ကာကွယ်ရန် လိုအပ်နေပြီဟု ယူဆပါသလားဟူသော သတင်းထောက်တစ်ဦး၏ မေးမြန်း ချက်ကို ပြန်လည်ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှုက ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့ မရပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်လို့ အမြင်ခံရရင်တော့ မကောင်းဘူးပေါ့။

ဘာသာတရားဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားနိုင်ဖို့ ဒါတွေကို တွန်းအားပေးတာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အများအမြင်မှာ အကြမ်းဖက်တယ် လို့ မြင်လာရင်တော့ ဘယ်ကောင်းမလဲ။

ဒါပေမဲ့ ဒီလိုအမြင်မှားတွေ မမြင်ရအောင် အားလုံးက ကြိုးစားရမှာပဲ . . . . .
ထို့အပြင် တိုင်းမ်မဂ္ဂဇင်းတွင် ဗုဒ္ဓဘာသာ သံဃာတော် တစ်ပါးဖြစ်သော ဦးဝီရသူအား အကြမ်းဖက် သမားအဖြစ် မျက်နှာဖုံးတင် ဖော်ပြပြီး

ဗုဒ္ဓဘာသာအား အကြမ်းဖက် ဘာသာတစ်ခုအဖြစ် စွပ်စွဲဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ဘာသာတရားအား အကြမ်းဖက်မှုနှင့် ဆက်စပ်သည်ဟု အမြင်မှားမှုများ မဖြစ်ပေါ်စေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

"ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်လို့ အမြင်ခံရရင်တော့ မကောင်းဘူးပေါ့။ ဘာသာတရားဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားနိုင်ဖို့ ဒါတွေကို တွန်းအားပေးတာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အများအမြင်မှာ အကြမ်းဖက်တယ် လို့ မြင်လာရင်တော့ ဘယ်ကောင်းမလဲ။

ဒါပေမဲ့ ဒီလိုအမြင်မှားတွေ မမြင်ရအောင် အားလုံးက ကြိုးစားရမှာပဲ" ဟု ၎င်းကပြောကြားသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသော ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သော အကြမ်းဖက်မှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စများမှာ တရားဥပဒေ စိုးမိုးမှု မရှိခြင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့၏ ကိုင်တွယ်မှုတို့မှာ ပွင့်လင်းမြင်သာမှု မရှိခြင်း တို့ကြောင့် သာဖြစ်ကြောင်း ပြောကြားသည်။

"ဘာသာရေးဆိုတာ လူမှုရေးထဲမှာ ပါတယ်။ အဲဒီတော့ နိုင်ငံရေး လုပ်တဲ့သူတွေကလည်း ဘာသာရေး ကိစ္စပိုင်းတွေကို ပစ်ပယ်ထားလို့ မရဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ဗုဒ္ဓဘာသာဝင်ဖြစ် သူ ယောက်ျားကသာ အိမ်ထောင်ပြုရမည်ဟု အချက်ပါဝင်သော မျိုးစောင့်ဥပဒေကြမ်းကို မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ ဦးဆောင်၍ ရေးဆွဲကာ လွှတ်တော်သို့ တင်ပြနိုင်ရန် စီစဉ်လျက် ရှိနေကြောင်း သိရသည်။

ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမပိုင်း ရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

Eleven Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...