Pages

Saturday, June 15, 2013

လစာငွေ အဓမ္မ အလှူခံခြင်းကြောင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများ ထွက်စာတင်

လစာငွေ အဓမ္မ အလှူခံခြင်းကြောင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများ 
ထွက်စာတင်
Saturday, June 15, 2013

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ 
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဧပြီလမှစတင်၍ ကျေးရွာ 
အုပ်စု စည်းရုံးရေးမှူးများသို့
ထောက်ပံ့သော လစာငွေအား ၎င်းတို့ ဆန္ဒမပါဘဲ အရာတော်မြို့နယ် ပါတီရုံးမှ 
အလှူခံလိုက်သောကြောင့် ကျေးရွာအုပ်စု စည်းရုံးရေးမှူး အပါအဝင် (၅)ဦး 
ထွက်စာ တင်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အုပ်စု
စည်းရုံးရေးမှူး (၄၁)ဦးသို့ တစ်လလျှင် ငါးသောင်းကျပ်စီ ထောက်ပံ့သော 
ဧပြီလနှင့်မေလအတွက် လစာငွေ(၄၁)သိန်းအား ရွှေဘိုမြို့နယ် နာရေး
ကူညီရေးယာဉ်အတွက် အလှူငွေအဖြစ် အားလုံး၏ သဘောတူညီချက် မယူဘဲ 
အရာတော်မြို့နယ်တွင် လက်မှတ်ထိုး ကောက်ခံလိုက်သောကြောင့် သဘောမတူသော 
အုပ်စုစည်းရုံးရေးမှူး အပါအဝင်(၅)ဦး ထွက်စာ တင်ထား
ကြောင်း ကျွန်းတောကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးမြင့်ငွေက ပြော
ကြားသည်။

အဆိုပါ ထွက်စာတင်ထားသူ ငါးဦးသည် ပြည်ခိုင်းဖြိုးအသင်းစတင် တည်
ထောင်စဉ်ကတည်းက စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များလည်းဖြစ်ကြောင်း သိရသည်။ 
“ကျွန်တော်တို့ကျေးရွာ အုပ်စုတွေအတွက် လေးလပိုင်း
ကတည်းက ထောက်ပံ့ကြေးပေးတယ်ဆိုတာကို ဒီလရှစ်ရက်နေ့က အရာတော်မှာ 
အုပ်စုစည်းရုံးရေးမှူးတွေ (၄၁)ဦးလုံး အစည်းဝေးခေါ်မှ သိရတာပါ။ အစည်းဝေးမှာ 
ပြောလည်းပြော လက်မှတ်ထိုးပြီး အလှူလည်း
ခံဆိုတော့ ၃၁ဦးကတော့ သဘောတူတယ်။ ကျန်တဲ့သူတွေကတော့ 
ဒီအတိုင်းထိုးလိုက်ရတယ်။ ကျွန်တော့်မှာ ခရီးစားရိတ် ဆန်တစ်ခွဲဖိုး ကုန်တာဘဲ
 အဖတ်တင်ပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အရာတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ 
ဆက်သွယ်မေးမြန်းရာ “အဲ့ဒါ မဟုတ်သေးပါဘူး”ဟု အထွေထွေ အတွင်းရေးမှူး 
ဦးညွန့်ဝင်းက ဖြေကြားသည်။

မြို့နယ်မှ CEO များအား မူလလစာ ခြောက်သောင်းကျပ်မှယခုလမှစတင်၍ 
တစ်သိန်းကျပ်သို့ တိုးမြင့်ပေးလိုက်ပြီး အလှူခံခြင်းမရှိသော်လည်း 
အုပ်စုမှူး တစ်ဦးစီ စတင်၍ရရှိသော ထောက်ပံ့ငွေနှစ်လစာအား အလှူခံလိုက်သော
ကြောင့် အရာတော်မြို့နယ်မှ အုပ်စုစည်းရုံးရေးမှူးများထွက်ရန် ပြင်ဆင်လျက်
ရှိကြာင်း ထွက်ရန်ပြင်ဆင်လျက်ရှိသော စည်းရုံးရေးမှူး တစ်ဦးက ပြောကြား
သည်။

The Myanma Age
  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဧပြီလမှ စတင်၍ ကျေးရွာ အုပ်စု စည်းရုံးရေးမှူးများသို့ ထောက်ပံ့သော လစာငွေအား ၎င်းတို့ ဆန္ဒမပါဘဲ အရာတော်မြို့နယ် ပါတီရုံးမှ အလှူခံလိုက်သောကြောင့် ကျေးရွာအုပ်စု စည်းရုံးရေးမှူး အပါအဝင် (၅)ဦး ထွက်စာ တင်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အုပ်စုစည်းရုံးရေးမှူး (၄၁)ဦးသို့ တစ်လလျှင် ငါးသောင်းကျပ်စီ ထောက်ပံ့သော ဧပြီလနှင့်မေလအတွက် လစာငွေ(၄၁) သိန်းအား ရွှေဘို မြို့နယ် နာရေးကူညီရေးယာဉ်အတွက် အလှူငွေအဖြစ် အားလုံး၏ သဘောတူညီချက် မယူဘဲ အရာတော်မြို့နယ်တွင် လက်မှတ်ထိုး ကောက်ခံလိုက်သောကြောင့် သဘောမတူသော အုပ်စု စည်းရုံးရေးမှူး အပါအဝင်(၅)ဦး ထွက်စာ တင်ထားကြောင်း ကျွန်းတောကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးမြင့်ငွေက ပြောကြားသည်။

အဆိုပါ ထွက်စာတင်ထားသူ ငါးဦးသည် ပြည်ခိုင်းဖြိုးအသင်းစတင် တည်ထောင်စဉ်ကတည်းက စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များလည်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ကျေးရွာ အုပ်စုတွေ အတွက် လေးလပိုင်းကတည်းက ထောက်ပံ့ကြေးပေးတယ်ဆိုတာကို ဒီလရှစ်ရက်နေ့က အရာတော်မှာ အုပ်စုစည်းရုံးရေးမှူးတွေ (၄၁)ဦးလုံး အစည်းဝေးခေါ်မှ သိရတာပါ။ အစည်းဝေး မှာ ပြောလည်းပြော လက်မှတ်ထိုးပြီး အလှူလည်းခံဆိုတော့ ၃၁ဦးကတော့ သဘောတူတယ်။ ကျန်တဲ့သူတွေကတော့ ဒီအတိုင်းထိုးလိုက်ရတယ်။ ကျွန်တော့်မှာ ခရီးစားရိတ် ဆန်တစ်ခွဲဖိုး ကုန်တာဘဲ အဖတ်တင်ပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အရာတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ဆက်သွယ်မေးမြန်းရာ “အဲ့ဒါ မဟုတ်သေးပါဘူး”ဟု အထွေထွေ အတွင်းရေးမှူး ဦးညွန့်ဝင်းက ဖြေကြားသည်။

မြို့နယ်မှ CEO များအား မူလလစာ ခြောက်သောင်းကျပ်မှယခုလမှစတင်၍ တစ်သိန်းကျပ်သို့ တိုးမြင့်ပေး လိုက်ပြီး အလှူခံခြင်းမရှိသော်လည်း အုပ်စုမှူး တစ်ဦးစီ စတင်၍ရရှိသော ထောက်ပံ့ငွေနှစ်လစာအား အလှူခံလိုက်သောကြောင့် အရာတော်မြို့နယ်မှ အုပ်စုစည်းရုံးရေးမှူးများထွက်ရန် ပြင်ဆင်လျက်ရှိကြာင်း ထွက်ရန်ပြင်ဆင်လျက်ရှိသော စည်းရုံးရေးမှူး တစ်ဦးက ပြောကြားသည်။

The Myanma Age

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...