Pages

Wednesday, June 12, 2013

မိုးရွာသွန်းချိန် ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်၌ ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ဆယ်ယူခဲ့ရ

Wednesday, 12 June 2013
ဇွန် ၉ ရက် ညပိုင်းနှင့် ဇွန် ၁၀ ရက် နံနက်ပိုင်း မိုးရွာ သွန်းမှုကြောင့်ရန်ကုန်မြို့လယ်ရှိပန်းဘဲတန်း၊ ကျော က်တံတား၊ လသာစသော မြို့နယ်များမှ လမ်းများ တွင် အနည်းဆုံး ခြောက်လက်မမှ အများဆုံးနှစ်ပေ အထိ ရေလျှံခြင်း ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင် တွင်ကားနှစ်စီးရေမြုပ်၍ကရိန်းဖြင့် ပြန် လည်ဆယ်ယူ ခဲ့ရသည်။ ရေကြီးရေလျှံမှု အများ ဆုံးဖြစ်သော လမ်းများမှာ ဗိုလ်ဆွန်ပက်လမ်း၊ ၂၉ လမ်း၊

 ၃၁ လမ်းတို့ဖြစ်ကာ ထိုလမ်းများ၏ အချို့နေရာများတွင် နှစ်ပေခန့်အထိ ရေလျှံနစ်မြုပ် မှု များ ဖြစ်ပေါ်ခဲ့ကာ ယင်းလမ်းများတွင် အလုပ်လုပ်ကိုင်နေသောသူများ အခက်ကြုံခဲ့ရ ပြီး၊ ရေလျှံ မှု ဖြစ်ပေါ်သော အချိန်၌ အမှိုက်သရိုက်များသည်လည်း လမ်းပေါ်တွင် မျောပါနေကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ဆွန်ပက်လမ်း၊ ဗိုလ်ဆွန်ပက် ကွန်ဒိုတွင်လည်း မြေညီထပ်ထိ ရေ၀င်ရောက်မှုမှာ ငါးပေခန့်ရှိ ကာ အောက်ဆုံးထပ် ကားပါကင်တွင်မူ ကားနှစ်စီး ရေမြုပ်သွားသည်အထိ ဖြစ်ခဲ့ရပြီး တစ်စီးကို ဇွန် ၁၀ ရက် နံနက်ပိုင်းက ကရိန်းဖြင့်ပင် လာရောက်ဆယ်ယူ သွားခဲ့ရကြောင်း သိရသည်။

"အခုထက်ထိ ကျွန်တော့်ကားက ရေမြုပ်နေတုန်းပဲ။ အောက်ထပ် ကားပါကင်ကို ရေ၀င်တာ ငါးပေကျော်ေ လာက် ရှိမယ်။ အခု ရေလာစုပ်ထုတ်တယ် ဆိုတဲ့ပိုက်လုံးကလည်း အလုံးတော်တော် သေးသေးနဲ့ စုပ်ထု တ်နေပါတယ်" ဟု ရေနစ်မြှုပ်နေသည့် ဗိုလ်ဆွန်ပက် ကွန်ဒိုမှ ကားပိုင်ရှင်က ဆိုသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...