Pages

Monday, June 10, 2013

သွေးကြောင်မိစ္ဆာများ

သာသနာ့ ကျမ်းစာပါ မုသားဓမ္မကို
ဆာသမျှ ဝမ်းစာရှာ လုစားတဲ့ဘဝနဲ့
လူပီးသွားတဲ့ကောင်ရေ
ရှောင်မနေနဲ့
ဒါဟာ ကိုယ့်ကိုယ်ကိုယ် ရပ်ရမဲ့ အရှိန်ပဲ
အိမ်ထဲမှာ
မောင်းထုတ်ခံရသူတွေလည်း မရှိတော့ဘူး
တမင်ထွက်သွားသူတွေလည်း မရှိတော့ဘူး
ဟား ဟား ဟား ကြေးစားကို မင်းငှားခဲ့တယ်
ကြေးစားကို မင်း ငှား ခဲ့ တယ်
အမှားတွေသန်နေတဲ့ တရားသံတွေ ပုံမှန်ညံဆဲ
တရားဦးလက်စွဲမှန်သမျှ
ကြားဖူးနားဝ မိစ္ဆာဒဿနနဲ့ပဲ ဖျားယောင်းရတယ် မဟုတ်လား

မအောင်မြင်တဲ့ နစ်ရှေးဟာ မင်းပေါ့ကွာ။    ။

သုအိုင်စံ
၁၀-၀၆-၂၀၁၃

Posted by A'karikz Yannaing

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...