Pages

Wednesday, June 12, 2013

"အမေရိကန်နှင့် ပညာရေးပူးပေါင်းမှုအစီအစဉ်အရ ရန်ကုန်တက္ကသိုလ် ဝင်ခွင့် ယခုနှစ် အမှတ်အများဆုံးဖြစ်နိုင်"

Wednesday, 12 June 2013
ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၂ဝ ဦးခန့်သာ တက်ရောက်ခွင့် ပြုမည့် ယခုနှစ် ရန်ကုန်တက္က သိုလ် ဝင်ခွင့်မှာ အမှတ်အများဆုံး ဖြစ်လာနိုင်ကြော င်းတက္ကသိုလ်အသိုင်းအဝိုင်းက ခန့်မှန်းကြသည်။ ရန်ကုန် တက္ကသိုလ်အားအဆင့်မြှင့်တင်ရန် ကော် မတီဖွဲ့စည်းလိုက်ခြင်းနှင့် အမေရိကန် ဂျွန်ဟော့ ကင်းတက္ကသိုလ်က ပညာရပ်ဆိုင်ရာ လာရောက် ပူးပေါင်းခြင်းတို့အပြင် ဆယ်စုနှစ် ၂ စုစာဘွဲ့ကြို သင်တန်း တက်ရောက်ခွင့် ပိတ်ပင် ထားမှုကို ယခုနှစ်တွင် ပထမဦးဆုံး ပြန်လည် ခွင့်ပြုပေးခြင်း စသည့်အချက်များကို စုပေါင်း၍ ၎င်းတို့က သုံးသပ် လိုက်ကြခြင်း ဖြစ်သည်။

ယခင်နှစ်က စက်မှုတက္ကသိုလ် တစ်ဖြစ်လဲ ရန်ကုန်နည်းပညာအဆင့်မြင့်တက္ကသိုလ်၏ ပထမဦးဆုံး ပထမနှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၂၅ဝ ခေါ်ယူခဲ့မှုတွင်လည်း အမြင့် ဆုံးအမှတ်ဖြစ်ခဲ့ကြောင်း တက္ကသိုလ်ဆရာတစ်ဦးက ထောက်ပြသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ''အမှတ်ပိုင်းဖြတ်တာကို တက္ကသိုလ်ဝင်ခွင့် စိစစ် ရွေးချယ်ရေးအဖွဲ့ က ဆောင်ရွက်ရပါတယ်။ဒီ့ အတွက်အခုကို မပြောနိုင်သေးပါဘူး။ ရန်ကုန် တက္ကသိုလ်က ဘွဲ့ကြိုသင် တန်းခေါ်ယူမှာကတော့ ဟုတ်ပါတယ်။ အထူးချွန်ဆုံးတွေကိုရွေးခေါ်မှာ ဆိုတာလည်း ဟုတ်ပါတယ်'' ဟု ပြောသည်။

ရန်ကုန်တက္ကသိုလ်နှင့် နီးစပ်သည့်အသိုင်း အဝိုင်း၏အဆိုအရ သင်ကြားပေးမှုကို ဂျွန်ဟော့ ကင်းတက္က သိုလ်ဆရာ၊ ဆရာမများနှင့် ရန်ကုန် တက္ကသိုလ်မှ ဆရာ၊ ဆရာမများက ဆောင်ရွက် ကြမည်ဖြစ်ပြီး B.Sc, B.A ဘွဲ့တို့မှာနိုင်ငံခြားကျောင်းများနှင့် အလွယ်တကူ ချိတ်ဆက်တက်ရောက်နိုင်သည်အထိ အဆင့်မီ မည်ဟု သိရသည်။ပညာရေးဝန်ကြီးဌာနက အသေးစိတ် အချက်အလက်ကို မကြာမီ ထုတ်ပြန်ပေး မည်ဟု ပေါ်ပြူလာနယူးစ်သို့ပြောဆိုခဲ့သည်။

အဆင့်မြင့်ပညာဦးစီးဌာနက ရန်ကုန်တက္ကသိုလ်တွင်ဂျွန်ဟော့ကင်းတက္ကသိုလ်မှဆရာများရောက်ရှိနေပြီး တက္ကသိုလ်မှ ဆရာ၊ ဆရာမအချို့ကို ပညာရပ်ဆိုင်ရာ သင်တန်းပေးနေသည်ဟု ထုတ်ဖော်ပြောသည်။

အခြားသော သက်မွေးပညာတက္ကသိုလ်တို့က ယခုနှစ်အတွက် ကျောင်းသားခေါ်ယူမှု ကိစ္စအပေါ် ယခင်နှစ်က လျှော့ချထားခဲ့သည့် အတိုင်းသာခေါ်ယူမည်ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ သိရသည်။အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ အစီအမံ ဖြင့် ၂ဝ၁၂ ခုနှစ်က သက်မွေးပညာ တက္ကသိုလ် များ၏ ဝင်ခွင့်ခေါ်ယူမှုတွင် ယခင်နှစ်များကထက်ထက်ဝက်ခန့်နှင့် သုံးပုံတစ်ပုံခန့် လျှော့ချခေါ်ယူခဲ့ရာ ထိုနည်းအတိုင်းယခုနှစ်တွင်လည်းဆောင် ရွက်မည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယန်ကြားရေး မှူးချုပ် က ပြောသည်။

''တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ထဲမှာတော့ အသေးစိတ် ထုတ်ပြန်သွားမှာပါ။ အခုကတော့ ဒီလောက် ပဲပြောနိုင် ပါတယ်''ဟု ၎င်းကဆိုသည်။

၂ဝ၁၂ ခုနှစ်မတိုင်မီက ဆေး တက္ကသိုလ် ၄ ခုမှ ၂၄ဝဝ ဦး ခေါ်ယူနေမှုကို ၁၂ဝဝ ဦးသာ လျှော့ ချ ခေါ်ယူသည့်နည်းတူ ဆေးဝါး တက္ကသိုလ်တွင်လည်း လူလျှော့ခဲ့သည်။

ယခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၏ ကျောင်းသားခေါ်ယူမှုကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးက မနှစ်ကအတိုင်းမပြောင်းပါဟု ပြောသည်။ထို့အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာ နလက်အောက် ခံလေကြောင်းနှင့် အာကာသတက္ကသိုလ်၊ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ကော လိပ်များကလည်းယခင်နှစ်ကထက်မများနိုင်သည့် အပြင်အနည်းငယ်လျှော့ချမှုပင် ရှိနိုင်သည်ဟု ၎င်း ဝန်ကြီးဌာနမှ ဒုတိယရုံးအဖွဲ့မှူးက ပြောသည်။

စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားဘာ သာတက္ကသိုလ်၊ရေကြောင်းတက္ကသိုလ်၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်တို့တွင်လည်း ဝင်ခွင့်ခေါ်ယူ မှုက မနှစ်ကအတိုင်းပြောင်းလဲမှု သိပ်မရှိနိုင်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာ မနှစ်ကထက် ရာခိုင်နှုန်းအနည်းငယ်လျော့ကာ ၃ဝ ရာခိုင်နှုန်းကျော် သာ အောင်မြင်ခဲ့သည်။စာမေးပွဲကိုကျောင်းသား ၄၈ဝဝဝဝ ကျော် ဝင်ရောက်ဖြေ ဆိုခဲ့သည်။ယခင်နှစ်က သက်မွေးဆိုင်ရာ တက္ကသိုလ်များထဲတွင် ရန်ကုန်နည်း ပညာတက္ကသိုလ်က ဝင်ခွင့်အမှတ် ၅ဝဝ ကျော်ဖြင့် ပထမအဆင့် ရပ်တည်ခဲ့ပြီး ၎င်းတို့နောက်မှဆေး၊ ရေကြောင်း၊ မန္တလေးနည်းပညာတက္ကသိုလ်တို့က ရှိနေခဲ့သည်။

မင်းသုအောင်
Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...