Pages

Friday, June 7, 2013

မြို့တွင်း၌ တည်မည့် အထပ်မြင့်များကို မြေအကုန် ဆောက်ခွင့် မပြုတော့

မြို့တွင်းမြို့နယ် အတွင်း အထပ် မြင့် အဆောက်အအုံ တည်ပါက မြေအကုန် ဆောက်လုပ်ခွင့် ရတော့မည်မဟုတ် ကြောင်း ရန်ကုန် စည်ပင်မှ သိရသည်။
ရန်ကုန် မြို့တော်တွင် ကိုးထပ်နှင့် အထက် အဆောက် အအုံများ ဆောက် လုပ်ပါက ချန်ရမည့် မြေ အကျယ်အဝန်း ကို ယခုလဆန်း မှ စတင်ကာ ပြောင်းလဲ သတ်မှတ် လိုက်ခြင်း ဖြစ်သည်။ ယခင်က မြို့တွင်း မြို့နယ် များဖြစ်လျှင် မြေ အကုန်ဆောက်လုပ်ခွင့် ရရှိသော်လည်း လက်ရှိတွင် ရှေ့မျက်နှာစာ၌ ၃ ပေ၊ ဘေးနှစ်ဖက်၌ ၃ ပေ စီနှင့် နောက်တွင် နောက်ဖေးလမ်းကြား ရှိပါက ၃ ပေ ချန် ရမည်ဖြစ်ပြီး မရှိပါက ၆ ပေချန်၍ ဆောက်လုပ် ရတော့မည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးဝိစာရလမ်း နှင့် တက္ကသိုလ် ရိပ်သာ လမ်းများ၌ ကိုးထပ် နှင့် အထက် အထပ် မြင့်များ ဆောက်လုပ်ပါက ရှေ့မျက်နှာ စာ၌ ပေ ၂ဝ၊ ဘေးနှစ်ဖက်၌ ၃ ပေစီနှင့် နောက်ဘက်တွင် ၆ ပေချန်၍ ဆောက် ရမည် ဖြစ်သည်။
အခြားသော ကျန်လမ်းမကြီးများ နှင့် လမ်းသွယ် များ၌မူ ရှေ့မျက်နှာစာ၌ ၁၂ ပေ၊ ဘေးနှစ်ဖက်၌ ၃ ပေစီ နှင့် နောက်ဘက်တွင် ၆ ပေ ချန်၌ ဆောက်လုပ်ရမည်ဟု ရန်ကုန် စည်ပင်မှ သိရ သည်။
မြို့တွင်းမြို့နယ် နှင့် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးဝိစာရလမ်း နှင့် တက္ကသိုလ်ရိပ်သာ လမ်းမကြီးများ ပေါ်၌ ဆောက်လုပ်သော အထပ်မြင့် အဆောက်အအုံ များ ၌ မြေညီထပ်မှ လွဲ၍ အခြားသော အပေါ်ထပ် အခန်း များမှ အနောက်ဘက်တွင် အဆောက် အအုံ တိုးချဲ့ ဆောက်လုပ် လိုပါက နောက်ဖေးလမ်းကြား မရှိ လျှင် နောက် ဖေး ရှိ အဆောက်အအုံ၏ ထောက်ခံ ချက်ဖြင့် ၂ ပေ တိုးချဲ့ဆောက်လုပ်နိုင် သည်ဟု ပြောင်းလဲ သတ်မှတ်ချက် အသစ်၌ ထည့်သွင်းထားသည်။
အခြားသော မြို့တွင်းပြင်ပ လမ်းမကြီးများနှင့် လမ်းသွယ်များ၌မူ မြေညီ ထပ်မှလွဲ၍ အခြားသော အထပ်များ ရှေ့မျက်နှာ၌ အဆောက် အအုံရှေ့ တိုး ဆောက်လုပ်ခွင့် ရှိပြီး ယင်းကို ၄ ပေခန့် အထိ ခွင့်ပြုပေး သွားမည်ဟု ရန်ကုန် စည်ပင်မှ သိရသည်။
ပြောင်းလဲ သတ်မှတ်လိုက်သော မူအရ မြို့တွင်း မြို့နယ် များ၌ အခက်အခဲ ရှိနိုင်ပြီး ကျန်မြို့နယ်များ၌ မြေဧရိယာ ကျယ်ဝန်းသည့် အတွက် မြေချန်ရန်မှာ အခက်အခဲ မရှိနိုင် ဟု ရန်ကုန်စည်ပင်မှ အရာရှိ တစ်ဦးက ဆိုသည်။
မြို့တွင်း၊ မြို့နယ်၌မူ ၂၅ ပေ၊ ပေ ၅ဝ နှင့် ၄၂ ပေခန့် သာရှိသည့် မြေကွက် များလည်းရှိရာ မြေချန် ဆောက်လုပ်ရန် အခက်အခဲ ရှိနိုင်သည်ဟု ၄င်းက ဆက် ပြောသည်။
မြေချန်၍ ဆောက်လုပ်ရန် ထုတ် ပြန်ရခြင်းမှာ နောင် လိုအပ်ပါက ကား လမ်းများ တိုးချဲ့ရန်ဖြစ်သည်ဟု ၄င်းထံ မှ သိရသည်။

ဝေမာထွန်း 

popularmyanmar

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...