Pages

Friday, June 28, 2013

ရန်ကုန်မြို့ကမ်းနားလမ်းတွင် ရေနံများထွက်ရှိ

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အတွင်းရှိ ကမ်းနားလမ်းနားနှင့် (၇)လမ်းထောင့်တွင် မြို့တော်စည်ပင်မှ လမ်းများတိုးချဲ့လျက်ရှိသော မြေများတူးဖော်နေသည့်နေရာတွင် ရေနံများ ထွက်ရှိနေကြောင်း မြို့တော်စည်ပင်မှ ယင်းနေရာသို့ ရောက်ရှိနေသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနားမယ် မြေတူးတာက အရင် ပထမပတ်လောက် ကတည်းက မိုးရွာတော့ ရေတွေများနေလို့ ထားခဲ့တာ။ ဒီနေ့မှ ၁၁နာရီလောက်က အလုပ်ဆက်လုပ်ဖို့ရေခပ်ထုတ်တော့ ရေနံတွေ ထွက်နေတာကို တွေ့တာ။ ရေတွေနဲ့ ရောနေသေးတော့ ရေနံစိမ်းလား ရေနံဆီလား မသိသေးပါဘူး ”ဟု မြေတူးအလုပ်သမားကြီးကြပ်ရေးမှူး ကိုအောင်ထွေးက ပြောကြားသည်။


လွန်ခဲ့သောတစ်ပတ် မြေတူးစဉ်ကတည်းက ရေနံအနံ့ ရရှိခဲ့ပြီး ယင်းနေရာ အနီးရှိ မီးစက်မှ ရေနံများ ယိုစိမ့်နေသည်ဟု ထင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အလုပ်သမားများ ရေပက်ထုတ်သော အခါတွင် ရေနံထွက်နေသော နှစ်လက်မခန့် အပေါက်နှစ်ပေါက်ကို မြင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရေနံထွက်ရှိရာနေရာနှင့် ကပ်လျက်ရှိသော ဈေးဆိုင်မှ ဒေါ်တင်တင်အေးက ပြောကြားသည်။

ယနေ့နေ့လည် ၁၁နာရီခန့်မှ စတင်ခပ်ထားသော ၎င်းရေရောရာ ရေနံများသည် ယခုညနေ ၇နာရီခန့် အချိန်ထိ ဆီပေပါ ငါးလုံးခန့်ရရှိထားပြီဖြစ်ကြောင်း သိရသည်။ယင်းနေရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သော အနေဖြင့် မီးသတ်ကားနှစ်စီး အဆင်သင့် ထားရှိထားကြောင်းလည်း သိရသည်။

အောင်သိုက်

မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...