Pages

Monday, June 10, 2013

မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းကြီးက ပြည်တွင်းမှ အကြီးဆုံး ဆော့ဖ်ဝဲလ် ကုမ္ပဏီနှင့် ပူးပေါင်းမည်

 Photo: မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းကြီးက 
ပြည်တွင်းမှ အကြီးဆုံး ဆော့ဖ်ဝဲလ် ကုမ္ပဏီနှင့် ပူးပေါင်းမည်

Monday 10 June. 2013

ကမ္ကာကျော် ကွန်ပျူတာ ကုမ္ပဏီကြီး ဖြစ် သည့် Microsoftမှ အကြီးစား 
ရင်းနှီးမြှပ်နှံမှု တစ်ခုအား မြန်မာနိုင်ငံတွင် မကြာမီ လုပ် ကိုင် 
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ လုပ်ငန်းများအား 
မြန်မာနိုင်ငံရှိ IT အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် 
ဖြစ်ကာ အသေးစိတ် အစီအစဉ်များအား နေပြည် တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် 
ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် တင်ပြသွားခဲ့ကြောင်းလည်း သိရပါသည်။

အမေရိကန် အခြေစိုက် ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ Software ထုတ်လုပ်မှုဆိုင်ရာ 
အကြီးမားဆုံး ကုမ္ပဏီဖြစ်သော Myanmar Information Technology (MIT)နှင့် 
အကျိုးတူ ပူးပေါင်း ၍ လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမှာ 
ဖြစ်ကြောင်းလည်း သိရပါသည်။ “Microsoft အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ် 
တိုးတက် အောင်မြင်ဖို့အတွက် နည်းပညာဟာ အလွန် အရေးပါတယ် ဆိုတာ ယုံကြည်ပါတယ်၊
 ရေရှည်မှာလည်း အကျိုးကျေးဇူးတွေ အများ ကြီး ရှိမှာပါ” ဟု Microsoftရဲ့ 
အရှေ့တောင် အာရှဆိုင်ရာ အထွေထွေ မန်နေဂျာ Jamie Harperမှ ပြောပါသည်။

MITသည် Microsoftနှင့် ပူးပေါင်း၍ လုပ်ငန်းများ အကောင်အထည်ဖော် လုပ် ကိုင် 
သွားမည်ဖြစ်ပြီး၊ တစ်ဖက်တွင်လည်း နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများနှင့်
 ချိတ် ဆက် လုပ်ကိုင်သွားမည်ဖြစ်ကာ အစိုးရနှင့် လည်း သတင်းနှင့် 
ဆက်သွယ်ရေးနည်းပညာ ကဏ္ဍတိုးတက်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရပါသည်။ 
Microsoftသည် အာရှပစိဖိတ် ဒေသအတွင်း Partnerပေါင်း (၂၈,၀၀၀) ကျော်ရှိပြီး၊ 
ဒီနေ့အထိ အမေရိကန် ဒေါ်လာ (၁၂၅)ဘီလီယံ ၀င်ငွေ ရရှိခဲ့ကြောင်း သိရပါ သည်။ 
“Microsoftရဲ့ အတွေ့အကြုံနဲ့ နည်း ပညာတွေဟာ မြန်မာနိုင်ငံရဲ့ သတင်းနှင့် 
ဆက်သွယ်ရေး နည်းပညာကဏ္ဍ တိုးတက် ဖို့အတွက် တန်ကြေးမဖြတ်နိုင်တဲ့ အရာ တွေလို့ 
ယုံကြည်ပါတယ်”ဟု MIT၏ CEO ဖြစ်သူ ဒေါက်တာ ထွန်းသူရထက်က ပြောပါသည်။ 
ဈေးကွက်သုံးသပ်ချက်များအရ မြန်မာနိုင်ငံသည် ၂၀၁၆ခုနှစ်တွင် နည်းပညာနှင့် 
ပတ်သက်သော အသုံးစရိတ်သည် တစ်နှစ်လျှင် ဒေါ်လာ(၂၃၃.၅၆)သန်းအထိ ရှိလာမည်ဟု 
မျှော်မှန်းထားကြောင်း သိရပါသည်။

MITဟာ မြန်မာနိုင်ငံတွင် ၁၉၉၇ ခုနှစ်က စတင်တည်ထောင် လုပ်ကိုင်ခဲ့သော လုပ် 
ငန်းတစ်ခု ဖြစ်ပြီး လက်ရှိ အချိန်တွင် ၀န်ထမ်းပေါင်း ၃၀၀ကျော်ဖြင့် ဘဏ်လုပ်
 ငန်း၊ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းနှင့် အစိုးရနှင့် 
ပူးပေါင်းလုပ်ကိုင်သော လုပ်ငန်း များစွာအား လုပ်ကိုင် ဆောင်ရွက်လျက်ရှိ 
ကြောင်း သိရပါသည်။ ပြီးခဲ့သည့် သီတင်း ပတ် အစောပိုင်း သတင်းများအရ မြန်မာ 
နိုင်ငံတွင် ပထမဦးဆုံး Data Center တစ်ခုအား ဂျပန်အခြေစိုက် Hitachiကုမ္ပဏီ 
နှင့် ပူးပေါင်းတည်ဆောက် သွားရန် စီစဉ် လျက်ရှိကြောင်းနှင့် အဆိုပါ 
စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၀)သန်းမှ (၁၅)သန်းအထိ အကုန်အကျခံ တည် 
ဆောက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံအတွင်းရှိ 
နည်းပညာရှင်များနှင့် နည်းပညာဆိုင်ရာ လုပ်ငန်း လုပ်ကိုင်နေသူများမှ 
ဝမ်းမြောက်လျက် ရှိနေကြပြီး၊ နိုင်ငံ၏ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုအတွက် 
အလားအလာကောင်းများ ဖြစ်ပေါ်စေနိုင်သည့် ပူးပေါင်းမှု တစ်ခု ဖြစ်ကြောင်း 
သုံးသပ်လျက်ရှိ ကြသည်။
ကမ္ကာကျော် ကွန်ပျူတာ ကုမ္ပဏီကြီး ဖြစ် သည့် Microsoftမှ အကြီးစား ရင်းနှီးမြှပ်နှံမှု တစ်ခုအား မြန်မာနိုင်ငံတွင် မကြာမီ လုပ် ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ လုပ်ငန်းများအား မြန်မာနိုင်ငံရှိ IT အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကာ အသေးစိတ် အစီအစဉ်များအား နေပြည် တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် တင်ပြသွားခဲ့ကြောင်းလည်း သိရပါသည်။


အမေရိကန် အခြေစိုက် ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ Software ထုတ်လုပ်မှုဆိုင်ရာ အကြီးမားဆုံး ကုမ္ပဏီဖြစ်သော Myanmar Information Technology (MIT)နှင့် အကျိုးတူ ပူးပေါင်း ၍ လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း သိရပါသည်။ “Microsoft အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ် တိုးတက် အောင်မြင်ဖို့အတွက် နည်းပညာဟာ အလွန် အရေးပါတယ် ဆိုတာ ယုံကြည်ပါတယ်၊ ရေရှည်မှာလည်း အကျိုးကျေးဇူးတွေ အများ ကြီး ရှိမှာပါ” ဟု Microsoftရဲ့ အရှေ့တောင် အာရှဆိုင်ရာ အထွေထွေ မန်နေဂျာ Jamie Harperမှ ပြောပါသည်။

MITသည် Microsoftနှင့် ပူးပေါင်း၍ လုပ်ငန်းများ အကောင်အထည်ဖော် လုပ် ကိုင် သွားမည်ဖြစ်ပြီး၊ တစ်ဖက်တွင်လည်း နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများနှင့် ချိတ် ဆက် လုပ်ကိုင်သွားမည်ဖြစ်ကာ အစိုးရနှင့် လည်း သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ ကဏ္ဍတိုးတက်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရပါသည်။ Microsoftသည် အာရှပစိဖိတ် ဒေသအတွင်း Partnerပေါင်း (၂၈,၀၀၀) ကျော်ရှိပြီး၊ ဒီနေ့အထိ အမေရိကန် ဒေါ်လာ (၁၂၅)ဘီလီယံ ၀င်ငွေ ရရှိခဲ့ကြောင်း သိရပါ သည်။ “Microsoftရဲ့ အတွေ့အကြုံနဲ့ နည်း ပညာတွေဟာ မြန်မာနိုင်ငံရဲ့ သတင်းနှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍ တိုးတက် ဖို့အတွက် တန်ကြေးမဖြတ်နိုင်တဲ့ အရာ တွေလို့ ယုံကြည်ပါတယ်”ဟု MIT၏ CEO ဖြစ်သူ ဒေါက်တာ ထွန်းသူရထက်က ပြောပါသည်။ ဈေးကွက်သုံးသပ်ချက်များအရ မြန်မာနိုင်ငံသည် ၂၀၁၆ခုနှစ်တွင် နည်းပညာနှင့် ပတ်သက်သော အသုံးစရိတ်သည် တစ်နှစ်လျှင် ဒေါ်လာ(၂၃၃.၅၆)သန်းအထိ ရှိလာမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။

MITဟာ မြန်မာနိုင်ငံတွင် ၁၉၉၇ ခုနှစ်က စတင်တည်ထောင် လုပ်ကိုင်ခဲ့သော လုပ် ငန်းတစ်ခု ဖြစ်ပြီး လက်ရှိ အချိန်တွင် ၀န်ထမ်းပေါင်း ၃၀၀ကျော်ဖြင့် ဘဏ်လုပ် ငန်း၊ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းနှင့် အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်သော လုပ်ငန်း များစွာအား လုပ်ကိုင် ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါသည်။ ပြီးခဲ့သည့် သီတင်း ပတ် အစောပိုင်း သတင်းများအရ မြန်မာ နိုင်ငံတွင် ပထမဦးဆုံး Data Center တစ်ခုအား ဂျပန်အခြေစိုက် Hitachiကုမ္ပဏီ နှင့် ပူးပေါင်းတည်ဆောက် သွားရန် စီစဉ် လျက်ရှိကြောင်းနှင့် အဆိုပါ စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၀)သန်းမှ (၁၅)သန်းအထိ အကုန်အကျခံ တည် ဆောက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံအတွင်းရှိ နည်းပညာရှင်များနှင့် နည်းပညာဆိုင်ရာ လုပ်ငန်း လုပ်ကိုင်နေသူများမှ ၀မ်းမြောက်လျက် ရှိနေကြပြီး၊ နိုင်ငံ၏ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုအတွက် အလားအလာကောင်းများ ဖြစ်ပေါ်စေနိုင်သည့် ပူးပေါင်းမှု တစ်ခု ဖြစ်ကြောင်း သုံးသပ်လျက်ရှိ ကြသည်။

mmdaily time

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...