ပြီးခဲ့တဲ့သတင်းပတ်က ထိမ်းသိမ်းခဲ့တဲ့ မြန်မာ ၁၀၅၄ ဦးထဲမှာ UNHCR ဒုက္ခသည်ကဒ်အတုကိုင်ဆောင်သူ ၃၀၇ ဦးကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကွာလာလမ်ပူရဲအရာရှိတွေက သူတို့ကို မေးမြန်းနေပါတယ်။
"စုံစမ်းစစ်ဆေးမှုက အခုမှစတာပါ။ ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ သိချင်တယ်။" - လို့ ရဲမှူးက ပြောပါတယ်။ စုံစမ်းသိရတဲ့ အချက်တွေကို ရှေ့နေချုပ်ထံ ၂ ပတ်အတွင်း ပေးပို့မှာပါ။ ဒီအမှုကို ရာဇ၀တ်မှုအဖြစ် စွဲဆိုသွားမယ်လို့ ဆိုပါတယ်။
မြန်မာမွတ်ဆလင်နဲ့ ဗုဒ္ဒဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေ
ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့သောကြာနေ့က မြန်မာ တထောင်ကို ၇ဲက ခေါ်ယူမေးမြန်းခဲ့ချိန်မှာ အခုလို ကဒ်အတုတွေ တွေ့ရတာ ဖြစ်ပါတယ်။
သူတို့ဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ဒုက္ခသည် အဖြစ် မှတ်ပုံမတင်ထားရင်တောင်မှ သူတို့က နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်တယ်ဆိုရင် ကူညီနိုင်တယ်လို့ UNHCR ရဲ့ပြောခွင့်ရအမျိုးသမီး ရန်တေ အစ္စမေးက ပြောပါတယ်။ ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လိုအပ်ရင် ဒုက္ခသည်အဖြစ်လျှောက်ထားနိုင်သလို ဖမ်းဆီးမှု၊ နေရပ်ပြန်ပို့မှု တို့ မပြုဖို့ ကူညီပြောဆိုပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
မလေးရှားရဲတွေက အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း အကြမ်းဖက်မှုတွေ ရပ်တန့်သွားကြောင်း ပြောပါတယ်။
ကိုးကား-http://thestar.com.my/news/story.asp?file=%2F2013%2F6%2F11%2Fnation%2F13222984&sec=nation

mmdaily time

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...