တိုင်းမဂ္ဂဇင်းရဲ့ The Face of Buddhist Terror မျက်နှာဖုံးဆောင်းပါး မြန်မာအစိုးရ ကန့်ကွက်ပြီ
တိုင်းမဂ္ဂဇင်းရဲ့ ဇူလိုင်လ ၁ရက်နေ့ထုတ် The Face of Buddhist Terror မျက်နှာဖုံးခေါင်းစဉ် ပါ ဆောင်းပါးကို ကန့်ကွက်တယ်လို့ မြန်မာအစိုးရက ဇွန်လ ၂၃ရက်နေ့ည မှာ ကြေညာ ချက်ထုတ်ပြန် လိုက်ပါတယ်။
တိုင်းမဂ္ဂဇင်းဖော်ပြချက်ဟာ မြန်မာနိုင်ငံက အများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာကို အထင်အမြင်လွဲမှားစေပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး တည်ဆောက်မှုကိုလည်း ထိခိုက်စေနိုင်ကြောင်း ကြေညာချက် မှာ ဖော်ပြထား ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖော်ဆောင်နေချိန်မှာ မလိုလားအပ်တဲ့ ဘာသာရေးပဋိ ပက္ခတွေ ပေါ်ပေါက်ခြင်း မရှိအောင် ဆောင်ရွက်နေချိန်ဖြစ်တဲ့အကြောင်း ကြေညာချက် အတွင်း ဖော်ပြ ထားပြီး ၉၆၉ သင်္ကေတကိုလည်း သာသနာညှိုးနွမ်းစေမယ့်နေရာနဲ့ ကိစ္စတွေမှာ မသုံးဖို့ မှော်ဘီသံဃာ့ညီလာခံရဲ့ ကြေညာချက်ကိုလည်း ကိုးကားပြီး ထောက်ခံရေးသားထားပါတယ်။
မျိုးစောင့်ဥပဒေကြမ်းနဲ့ တိုင်းမဂ္ဂဇင်းမျက်နှာဖုံး ဆောင်းပါးပါကိစ္စ သတင်းမီဒီယာတွေမှာ ဝေဖန်မှုတွေ ဆူညံနေပြီး ၃ရက်ကြာမှ မြန်မာအစိုးရက တရားဝင်သဘောထားကို ထုတ်ပြန်ပြီး ကန့်ကွက်လိုက် တာဖြစ်ပါတယ်။
မျိုးစောင့်ဥပဒေကြမ်းကို လာမယ့် ၂၇ရက်နေ့မှာ အင်းစိန်မှာပြုလုပ်မယ့် သံဃာ့အစည်းအဝေးမှာ တရားဝင် အတည်ပြုချက်ယူပြီး လွှတ်တော်ကို တင်သွင်းဖို့ ကြိုးစားသွားမယ်လို့ ဦးဝီရသူက ပြောဆိုထားပါတယ်။
From: အသောက အသောက အသောက

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...