![]() |
| ဓါးမြတိုက်ခံရသည့် ရာဇာမင်းကား |
![]() |
| ဓါးမြတိုက်ခံရပြီးနောက် အပျက်အစီးများတွေ့ ရစဉ် |
သထုံ ဇွန် (၉)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ဇွန်လ (၈) ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ကျိုက္ခမီ မှ ရန်ကုန်ဘက်သို့ ခရီးသည် (၃၀)ဦးခန့် လိုက်ပါစီးနင်းလာသည့် ယာဉ်မောင်း ဦးဇော်လင်းထူး (၃၈)နှစ် မောင်းနှင်လာသော ရာဇာမင်း မှန်လုံအမြန်ယာဉ်၊ ယာဉ်အမှတ် (၈ဇ/၁၁၁၁)အား ယာဉ်ပေါ်စီးနင်း လိုက်ပါလာသည့် အမည်မသိလူ (၅) ဦး (အဖွဲ့စိစစ်ဆဲ) လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ သထုံမြို့နယ် တောင်စွန်းကျေးရွာ၊ ဘုရားကုန်းကြီးကျောင်းကွေ့အနီး၊ အောင်းစိုင်ကျေးရွာရွင်အ၀င်လမ်း (၁) ဖာလုံခန့်အထိ မောင်းဝင်ခိုင်းပြီး ယာဉ်ပေါ်ပါခရီးသည်အားလုံး ဆင်းခိုင်းကာ ကားနှင့် ၀ါးတစ်ပြန်အကွာ၌ ခေါင်းပေါ်လက်တင်ခိုင်းပြီး ခရီးသည်များထံမှ ရွှေငွေ ပစ္စည်းများ လုယူသွားခဲ့သည်။

ယင်းနောက် ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆) နှစ် အား၊ ကားမီးရှို့ရန် ဓါတ်ဆီတိုင်ကီဖွင့်ခိုင်းရာမှ ပစ္စည်းထည့်သည့် ဘောက်(စ်)နှင့် မှားယွင်းစွာဖွင့်ပေးခြင်းအတွက် ဦးခေါင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ဆက်လက်၍ ယာဉ်မောင်း ဦးဇော်လင်းထူး အားဆက်လက်ပစ်ခတ်ရာ ပါးစပ်ဒါဏ်ရာရရှိပြီး၊ သထုံခရိုင်ပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ်ပို့ဆောင်ခဲ့ရာ ဇွန်လ (၉) ရက် နံနက်ပိုင်း တွင်သေဆုံးခဲ့ကြောင်း သိရှိရသည်။
အခင်းဖြစ်ရာနေရာသို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များရောက်ရှိပြီး တရားခံများ အချိန်မီ ဖမ်းဆီးရမိရေးကိုဆောင်ရွက်လျက်ရှီကြောင်းနှင့် နယ်မြေခံ တပ်မတော်ကလည်း နယ်မြေ လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သိရှိရပြီး သထုံမြို့နယ် မြို့မရဲစခန်းမှ ပ/၉၀/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၉၆)အရ တရားလိုပြု အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။
Myanmar News Now

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...