Pages

Wednesday, June 26, 2013

အလေးချိန် ၁၆ ကျပ်သားခန့်ရှိ ရှေးဟောင်း ရွှေလက်ကောက် တွေ့ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကျီးပင်ကန်ကျေးရွာတွင် ဇွန် ၂ဝ ရက် နံနက် ၉ နာရီခွဲက ရွာနှင့် တစ်မိုင်ခန့် ကွာဝေးသော ကွင်းအမှတ် (၁၃/၁ဝ)၊ ဦးပိုင်အမှတ် (၈၇) တွင် ဦးတင်ထွန်းသည် လယ်စိုက်ပျိုးရန် ထွန်ယက်စဉ် အလေးချိန် ၁၆ ကျပ်သားခန့်ရှိ နဂါးခေါင်းပုံ
ထုဆစ်ထားသော ရှေးဟောင်း ရွှေလက်ကောက် တစ်ကွင်းအား တွေ့ရှိရသဖြင့် မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးသို့ လာရောက်အပ်နှံထားကြောင်း သိရသည်။ ၂ဝ၁၂ ခုနှစ် အတွင်းကလည်း မင်းဘူးမြို့နယ် လက်ခုပ်ကုန်း ကျေးရွာအနီး ရေနံပိုက်လိုင်း တူးဖော်ရန် စက်ယန္တရားကြီးများဖြင့် မြေတူးဖော်စဉ် မြေသယ်ဖို့ အလုပ်လုပ်ကိုင်သူ လက်ခုပ်ကုန်း ကျေးရွာနေ မကေဇင်သည် ရွှေလက်ကောက်တစ်ကွင်း (အလေးချိန် ၁၆ ကျပ်သားခန့်) တွေ့ရှိရသဖြင့် ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ အပ်နှံရာ ၂ဝ၁၃ ခုနှစ်၊ မေ ၁၈ ရက်နေ့တွင် နိုင်ငံတော်မှ ဆုငွေ ကျပ်သိန်း ၂၇ဝ ကျော်ကို ချီးမြှင့်ခံခဲ့ရကြောင်း မကွေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးဌာနမှ သိရသည်။ အဆိုပါ နဂါးခေါင်းပုံ ရှေးဟောင်း ရွှေလက်ကောက်အား တွေ့ရှိသူ ဦးတင်ထွန်း ကျီးပင်ကန်(အရှေ့) ရွာနေသူက မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှတစ်ဆင့် မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသို့ ဆက်လက်ပို့ဆောင် အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 .. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...