Pages

Sunday, June 9, 2013

သမ္မတရာထူးသတ်မှတ်ချက် အာဏာသုံးပြီးပြင်လို့မရဟု ဦးသိန်းစိန်ပြောကြား

မြန်မာသမ္မတရာထူးအတွက် သတ်မှတ်ထားတဲ့ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ပြင်ဆင် နိုင်အောင် မိမိရဲ့သြဇာ အာဏာကို အသုံးပြုပေးဖို့  မဖြစ်နိုင်ဘူးလို့ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ တာဝန်ထမ်းဆောင်ချင်တဲ့အတွက် လက်ရှိအခြေခံ ဥပဒေပါ ပြဌာန်းချက်ကိုပြင်ဖို့လိုတယ်လို့ ပြီးခဲ့တဲ့ရက်က ထပ်မံပြောဆိုလိုက်တဲ့အတွက် သြစတေးလျနိုင်ငံအခြေစိုက် ABC ရုပ်သံဌာနနဲ့ သီခြားတွေ့ဆုံမေးမြန်းရာမှာ သမ္မတဦးသိန်းစိန်က ခုလိုပြောလိုက်တာပါ။

အခြေခံဥပဒေကို ပြည်သူအများစုရဲ့ထောက်ခံမှုနဲ့ အတည်ပြုခဲ့တာဖြစ်တဲ့အတွက် ပြည်သူတွေကလဲပြင်ဖို့ သဘောတူဖို့လိုမယ်၊ လွှတ်တော်ကလဲ အတည်ပြုဖို့လိုမယ်၊ လွှတ်တော်ရဲ့ဆောင်ရွက်ချက်အပေါ်မှာ သူ့အနေနဲ့ဝင်ရောက် ပြောဆိုပိုင်ခွင့် မရှိဘူးလို့လဲ သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။

အခြေခံဥပဒေပါပြဌာန်းချက်တွေကို ပြင်မယ်ဆိုရင် လွှတ်တော်အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းကျော်ရဲ့ သဘောတူညီမှုရဖို့လိုအပ်သလို၊ အဲဒီသဘောတူညီချက်ကို လူထုဆန္ဒခံယူပွဲနဲ့မှ ပြင်ဆင်နိုင်မယ်လို့ ပြဌာန်းထားပါတယ်။

.. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...