Pages

Tuesday, June 4, 2013

ရုရှားမှာ နှစ်စဉ် လူသန်းတဝက်လောက် ဆေးလိပ်နဲ့ ပတ်သက်တဲ့ ရောဂါနဲ့ သေဆုံးနေရ

 ရုရှား နိုင်ငံမှာ ဒီနေ့ ဇွန်လ တရက်နေ့ကစပြီး လူအများ သွားလာနေတဲ့ နေရာတခိျု့မှာ ဆေးလိပ် မသောက်ဖို့နဲ့ ဆေးလိပ် ကြော်ငြာတွေကို ထိန်းချုပ်တဲ့ ဆေးလိပ် သောက်မှု ဆန့်ကျင်ရေး ဥပဒေကို စတင် ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင် နေရာတွေ ၊ လူနေတိုက်တာ အဆောက်အဦရဲ့ အတက်အဆင်း လှေကား စကြင်န်တွေ ၊ ဘတ်စကားနဲ့ ရထားတွေပေါ်မှာ ဆေးလိပ်သောက်ဖို့ တားမြစ် ထားသလို ဘူတာရုံ ၊ လေဆိပ်တွေနဲ့ ၁၅ မီတာ အတွင်းကိုလည်း ဆေးလိပ် ကင်းမဲ့ရေး ဇုန် အဖြစ် သတ်မှတ် ထားပါတယ်။

အခုချိန်ကစလို့ တနှစ်အတွင်း ဒီတားမြစ်ချက်ကို စားသောက်ဆိုင်တွေ ၊ ယမကာ ဆိုင်တွေနဲ့ သဘေင်0x081ာ ၊ ရထား ခရီးရှည်တွေမှာလည်း ကျင့်သုံးတော့မှာ ဖြစ်သလို လမ်းနဘေးမှာလည်း ဆေးလိပ်မရောင်းရတော့ မှာ ဖြစ်ပြီး ဆေးလိပ်ဈေးတွေ တိုးမြင့်တော့မှာ ဖြစ်ပါတယ်။

ရုရှားမှာ လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်း ဟာ ဆေးလိပ်သောက်ကြပြီး နှစ်စဉ် လူသန်းတဝက်လောက်ဟာ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေနဲ့ သေဆုံးနေရပါတယ်။

.. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...