Pages

Monday, June 24, 2013

အပယ်ငရဲမကြောက် ဆရာတော်အား ဝေဖန်နေကြသော ဒီမိုများသိစေရန်

ဘုန်းကြီးတွေက ရွေးကောက်ပွဲလည်း ဝင်မှာမဟုတ်ဘူး။ သမ္မတလည်း ဝင်အရွေးခံမှာ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ဘုန်းကြီးတွေက တိုင်းပြည်ကို အုပ်ချုပ်မှာလည်း မဟုတ်ဘူး။ ဒါကို သံဃာတော်တွေလည်း သိကြသလို ပြည်သူတွေလည်းသိတယ်။ သံဃာထုက အဓိက စိုးရိမ်တာ ဘာသာရေးပဲ။ ဒီလိုဆိုလို့ ကျန်တာတွေကော မစိုးရိမ်ကြဘူးလားလို့တော့ စကားမကပ်နဲ့။
ဘုန်းတော်ကြီးစာသင်ကျောင်းတွေ မိဘမဲ့ဂေဟာတွေ အများကြီး။ စွန့်ပစ်ခံ ကလေးတွေ အတွက် နို့ဘူးဖျော်နေတဲ့ ဘုန်းတော်ကြီးတွေပုံကို မြင်ဖူးကြမှာပေါ့။ ဘုန်းကြီးက ဘုန်းကြီးအလုပ် မလုပ်ဖူး လို့တော့ မပြောနဲ့။ ကေတီဗီ မာဆတ် ပြဿနာတွေ ယိုးဒယား တရုတ် ရောက်သွားတဲ့ တိုင်းရင်းသူတွေ နယ်စပ် ပြဿနာတွေ ဘုန်းကြီးတွေကို လာမပြောနဲ့။ ဒါအစိုးရအလုပ်။ ဒီအဖြေကို မကျေနပ်ရင် ကြိုက်တဲ့ အတိုက်အခံပါတီတွေကို သွားမေးကြည့်။ သူတို့လည်း ဒီအတိုင်းပဲ ဒါ အစိုးရအလုပ်လို့ ဖြေမှာပဲ။ သူတို့ကို ဒါတွေမေးတုန်း ဘင်္ဂလီ အဖြူကပ်နဲ့ ကြံ့ဖွတ်က ဘင်သုံးဘင် အကြောင်း လွှတ်တော်မှာ ဘာဖြစ်လို့ တစ်ခွန်းမှ မဟကြတာလည်း ဆိုတာပါ တစ်ခါတည်း မေးခဲ့။

အခုဖြစ်နေတာတွေရဲ့ အရင်းခံက မလည်မဝယ်တဲ့ ဗုဒ္ဓဘာသာတိုင်းရင်းသူတွေ ဒုက္ခတွေ့နေရတဲ့ ပြဿနာ။ မလည်မဝယ်ပါဆိုမှ မြို့တက်ရှေ့နေငှါးပါလားလို့ မပြောနဲ့။ ရှေ့နေငှါးရင်တောင် ဘာသာရေး အထိကရုဏ်း ဖြစ်မယ် ဘာညာဆိုပြီး လိုက်ရဲတဲ့ သူရှိမှာမဟုတ်ဘူး။ လိုက်ရဲတဲ့ ရှေ့နေရှိရင်တောင်မှ ခုနက အကြောင်းပြချက် နဲ့ပဲ တရားရုံး ထိအောင် အမှုပေါက်နိုင်ဖို့မလွယ်ဘူး။

ဒီလိုကိစ္စမျိုးတွေကို ဘယ်သူက တာဝန်ယူမှာလည်း။ အခုအချိန်ထိတော့ ဘုန်းကြီးကျောင်းတွေ ဆီပဲ လာပြီး အကူအညီ တောင်းနေရတုန်း မကောင်း ကျောင်းပို့လုပ်နေရတုန်း ပဲ။ အားကိုးစရာ ဒါပဲရှိသလို ဖြစ်နေတယ်။ အဲဒါတွေကို လက်ရှိ အစိုးရရဲ့ အမျိုးသမီး စောင့်ရှောက်ရေး လူမှုဝန်ထမ်း ဌာနတွေ၊ အမျိုးသမီး အခွင့်အရေး အဖွဲ့တွေ၊ အတိုက်အခံ ပါတီတွေ ဘယ်သူတွေက အာမခံချက် ပေးနိုင်တုန်း။ အဖြေမရှိဘူး။

ဒီလိုရေးလို့ လက်ရှိ ထောက်ခံသူစာရင်းကောက်နေတဲ့ အမျိုးစောင့်ဥပဒေကို လော်ဘီလုပ်နေတယ်လို့ တော့ လာမပြောနဲ့။ ကျုပ်က အပြင်လူ။ အပြင်လူလို နေတယ်။ အာမဝင်ချောင်ဘူး။ သူခိုးဓားရိုးကမ်းတဲ့ အလုပ်လည်း မလုပ်ဖူး။ အခုဟာက လူအတော်များများ Conspiracy Theory တွေ မျိုးစုံနဲ့ ထင်တာတွေ မြင်တာတွေ စွတ်ရွတ်ပြီး လျှောက်ပြောနေကြတယ်။ ဘာ အချက်အလက် မှလည်း ခိုင်ခိုင်လုံလုံ မရှိဘူး။ ပရီမီယာလိခ် ဘွန်ဒါလီဂါ စီရီယာအာ ဘောလုံးပွဲတွေကို ဝေဖန်သလို ထင်တာတွေ ပြောကြတာမျိုးဆိုရင် ဒီလောက် အန္တရာယ်မရှိဘူး။ အခုလိုသာ လျှောက်ပြောနေရင် မကြာခင် အပျက်အပျက်နဲ့ အကုန်ရှုပ်ကုန်တော့မယ်။
From:WLT

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...