Pages

Saturday, June 22, 2013

မက္ကဆီကို နိုင်ငံတွင် ရှေးဟောင်း မာယာမြို့ကြီး တစ်မြို့သုတေသီများ ရှာဖွေတွေ့ရှိ


မက္ကဆီကိုစီးတီး ဇွန် ၂၁ ရှေးဟောင်း သုတေသန ပညာရှင်များသည် မက္ကဆီကို နိုင်ငံရှိ တောအတွင်း၌ အထိမ်းအမှတ် အဆောက်အအုံနှင့် ပန်းပုလက်ရာများ ပါဝင်သော ရှေးဟောင်း မာယာမြို့ကြီး တစ်မြို့
ကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့ကို မက္ကဆီကို နိုင်ငံအရှေ့တောင်ပိုင်း ကမ်ပီချီ ဒေသတွင် တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ယင်းဒေသသည် ယူနက် စကိုအဖွဲ့က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာတစ်ခု အဖြစ် သတ်မှတ်ထားသော ကာလက်စ်
မူလ် ရှေးဟောင်း မြို့ အပါအဝင် မာယာ အဆောက်အအုံ ဒါဇင်ပေါင်း များစွာရှိရာ နေရာတစ်ခုဖြစ်သည်။

ချက်တန် အမည်ရှိ ယခုရှာဖွေ တွေ့ရှိသော မြို့ဟောင်းသည် ဧရိယာ အကျယ်အဝန်း အားဖြင့် ၅၄ ဧက
ခန့်ရှိပြီး အေဒီ ၆ဝဝ နှင့် ၉ဝဝ အကြားက အစိုးရ ရုံးစိုက်ရာ မြို့တစ်မြို့ ဖြစ်နိုင်ဖွယ် ရှိကြောင်း စပိန် နိုင်ငံ
တကာ သတင်း အေဂျင်စီ EFE က သတင်း ထုတ်ပြန်သည်။

ယင်းမြို့အတွင်း တွေ့ရှိရသည့် အထိမ်းအမှတ် ကျောက်တိုင်ပေါ်၌ ရေးထွင်းထားသည့် စာများတွင် မြို့၏အမည် အား ဖော်ပြထားပြီး ကီနစ်ခ်ျဘာလမ် အမည်ရှိ အုပ်ချုပ်သူ တစ်ဦးက ဗီ ၇၅၁ ခုနှစ်တွင် ယင်းမြို့အား အမည် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

from မြ၀တီ - by shwete@myawady.com.mm (ရွှေတည်)



No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...