Pages

Sunday, June 16, 2013

ထမ့်စမ်းဂူနှင့် တောင်ကြောတစ်ခုတည်း တည်ရှိသော ကျောက်စာဂူသစ်ကို တူးဖော်ပြင်ဆင်နေ

Sunday, 16 June 2013
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်တွင် တည်ရှိသော တောင်ကြီးမြို့ အရှေ့ဘက် ၂၆ မိုင် ကွာဝေးသော နာမည်ကျော် ထမ့်စမ်းဂူနှင့် တောင်ကြောတစ်ခုထဲတွင် တည်ရှိပြီး ထမ့်စမ်းဂူပေါက်ဝ တောင်ဘက် (အဆင်းလမ်း ၀ဲဘက်) ပေ ၄၀၀ ခန့်သာ ကွာဝေးသော နေရာတွင် ထပ်မံတွေ့ရှိရသည့် ကျောက်စာဂူသစ်ကို ပြည်သူ အများ ကြည့် ရှုလေ့ လာနိုင် ရန် အမြန် ဆုံး တူးဖော် ပြုပြင်လျက်ရှိကြောင်း တာဝန်ရှိသူ ဦးခွန်မြင့်အောင်ထံမှ သိရသည်။

ထမ့်စမ်းဂူမှာ ပျမ်းမျှပေ ၂၀၀ ကျယ်ဝန်းသည့် ဂူအခန်းကြီး (ကိုး)ခန်း ဖွင့်လှစ်ပြီးဖြစ်ကာ ဂူတွင်းလမ်း စုစုပေါင်း အရှည်ပေ ၁၈၅၀ အထိဖောက်လုပ်ပြီးဖြစ်ကြောင်း၊ အ၀င်လမ်း အထွက်လမ်း တစ်လမ်းတည်းသာ ရှိကြောင်း၊ ယခု ထပ်မံဖွင့်လှစ်မည့် ကျောက်စာဂူသစ်မှာ ပျမ်းမျှပေ ၂၀၀ ကျယ် ၀န်းသော အခန်းကြီး ၁၁ ခန်းပါရှိကာ၊ ဖောက်လုပ်ပြီး လမ်းအရှည်ပေ ၁၂၀၀ ရှိကြောင်း၊ ဂူတွင်းလမ်း မှာလည်း ၀င်ပေါက်တစ်လမ်း၊ ထွက်ပေါက်တစ်လမ်းဖြစ်ကာ ထမ့်စမ်းဂူထက် ထူးခြားလှပသော ကျောက် စက်ပန်းဆွဲများ၊ ကျောက်တုံးကျောက်ဆောင်များကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ဟိုပုံးကိုရင်လေး အရှင်ဗေါရိသမှ အဆိုပါဂူတွင် ပိဋိကတ်သုံးပုံ ကျောက်စာများ ထွင်းထုထားရှိရန် စီစဉ်ဆောင်ရွက်လျက် ရှိသဖြင့် "ကျောက်စာဂူ" ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ တူးဖော်ပြုပြင် ဆောင်ရွက်ဆဲဖြစ်သဖြင့်ကျောက်စာဂူ အတွင်းသို့ နိုင်ငံခြားသား အထူးဧည့်သည်များ၊ VIP အထူးဧည့်သည်များနှင့် မီဒီယာ အချို့တို့ကို သာ ခေတ္တခဏ ၀င်ရောက်ကြည့်ရှုခွင့် ပြုထားပြီ၊ အများပြည်သူ ကြည့်ရှုလေ့လာရန် အတွက်မှု အမြန်ဆုံးစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...