မလေးရှားရောက် အသတ်ခံရသော မြန်မာများအတွက် အွန်လိုင်းမှ တစ်ဆင့် profile ပုံများကို အနက်ရောင် ပုံများတင်ပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဖော်ပြကြောင်းတွေ့ရပါသည်။ အောက်တွင် facebook မှ status တစ်ခုကို ပြန်ရှယ်ထားခြင်းဖြစ်ပါသည်။
"ဒီနေ့ ကျွန်တော့် chat box မှာ ကြည့်လိုက်တော့ အမဲရောင် profile picture နဲ့ ပုံတွေများနေတယ်၊ ကျွန်တော်ထင်တာက hack ခံရတာလားပေါ့၊ အဲဒီအမဲရောင်ပုံကို တင်ထားတဲ့ထဲမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပါနေတာနဲ့ စိတ်ပူပြီး မေးကြည့်လိုက်တယ်၊ အဲဒါမှ အကြောင်းစုံကို သိရတာပါ။
ဒီနေ့ facebook ပေါ်က သူငယ်ချင်းအများစုက မလေးရှားမှာ ဖိနှိပ်ခံရတဲ့ မြန်မာတွေအတွက် ဝမ်းနည်းခြင်း အထိမ်အမှတ်အဖြစ် အနက်ရောင် profile picture ကို တင်ကြတာဖြစ်ပါတယ်၊ အသုဘလိုက်ပို့ရင် အနက်ရောင် အကျီ င်္ကို ဝတ်ဆင်ပြီး လိုက်ပို့သလိုမျိုးဖြစ်ပါတယ်။
အားလုံးနဲ့ ထပ်တူ ကျွန်တော် ဒီ အနက်ရောင်ပုံပေါ်မှာ သံလွင်ခက်ကိုက်ထားတဲ့ ချိုးဖြူငှက်ပုံကို တင်ခြင်းဖြင့် အားလုံးနဲ့ ထပ်တူ ကြေကွဲ ဝမ်းနည်းရပါကြောင်း၊ အမြန်ဆုံး ငြိမ်းချမ်းပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။"
Credit to: Myanmar CNN


No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...