Pages

Wednesday, June 26, 2013

ဒေသလုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ

ယမန်နေ့ မနက်ပိုင်းက လွယ်ဂျယ်မှ ကောင်းဆာ ကျေးရွာ အ၀င်လမ်း အနီးတစ်ဝိုက်၌ KIA အဖွဲ့တစ်ဖွဲ့မှ မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် ဒေသ လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ ခဲ့ ကြောင်း ကောင်းဆာရွာသားတစ်ဦးက ပြောသည်။

အဆိုပါနေရာ၌ မိုင်းရှင်းလင်းနေရးပြုလုပ်စဉ် ၀ါယာကြိုးဖြင့် ထောင်ထား သောဒေသလုပ်မိုင်း ၁ လုံး အား တွေ့ရှိရာ KIA အဖွဲ့ဝင်တစ်ဦးသည် ၀ါယာ ကြိုးအား ဖြတ်တောက်ခြင်းမပြုဘဲ ဓာတ်ခဲအားကုန်နေ သည်ဟု ယူဆ၍ ၀ါယာကြိုးအား သံညှပ်ဖြင့် ဆွဲထုတ်လိုက်စဉ် ပေါက်ကွဲခဲ့သဖြင့် ၎င်း၏ လက်မောင်းနှင့် မျက်နှာတို့တွင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းမိုင်းရှင်းလင်းရာတွင်ပါဝင်သည့် ကောင်းဆာ ရွာသားတစ်ဦး၏   ပြောပြချက် အရ သိရသည်။

ဒဏ်ရာရရှိသော KIA အဖွဲ့ဝင်အား တစ်ဖက်တရုတ်နိုင်ငံ ဂျန်ဖုန်းလမ်း ကြောင်းအတိုင်း ရင်ကျန်းဆေးရုံ သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် မိုင်းဖြစ်စဉ်ဖြစ်ပွားခဲ့မှုကြောင့် မိုင်း ရှင်းလင်း ရေးကို ဆက်လက်လုပ်ဆောင်ခြင်း မပြုတော့ကြောင်း သိရှိရပါသည်။

From : ..http://www.kachindailynews.com/2013/06/kia_25.html

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...