Pages

Saturday, June 29, 2013

KIA အဖွဲ့ ထောင်ထားသော မိုင်းများကြောင့် ဒေသခံများ လယ်ယာ လုပ်ကိုင်ရန် အခက်ကြုံ

ကချင်ပြည်နယ်၊ ချီဗွေမြို့နယ်အတွင်းရှိ မျှော်မောတလျှောက် တမူးကျေးရွာနှင့် မေခမြစ် အနောက်ဘက် ကမ်းပါး တလျှောက်ကြားတွင် KIA ရင်း(၁၀)မှ မိုင်းများ ထောင်ထားခဲ့ပြီး နယ်မြေအေးချမ်းလာချိန်တွင
် ၎င်း တို့ ထောင်ထားသော မိုင်းများအား ပြန်လည်ရှင်းလင်းပေးရန် ဒေသခံများက ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းက KIA အဖွဲ့ ရင်း(၁၀)သို့ အကြောင်းကြားခဲ့ကြောင်း တမူးကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါ အကြောင်းကြားမှုအပေါ် KIA အဖွဲ့ ရင်း(၁၀)တာဝန်ရှိသူများမှ ၎င်းနေရာများ၌ မိုင်းထောင်ခဲ့စဉ်က တာဝန်ယူမိုင်းထောင်ခဲ့သော တပ်ဖွဲ့ဝင်များသည် မိုင်းထောင်စဉ် မတော်တဆပေါက်ကွဲခြင်းနှင့် တိုက်ပွဲများ တွင် သေဆုံးသွားကြသဖြင့် မိုင်းနေရာများကို အခြား တပ်ဖွဲ့ဝင်များလည်း မသိရှိသည့်အတွက် ပြန် လည်ဖော်ပေးရေး ကိစ္စမှာ လတ်တလောအခြေအနေတွင် အခက်အခဲရှိသည်ဟု ပြန်လည် ဖြေရှင်းပေး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းထောင်ထားသော နေရာများမှာ KIA အဖွဲ့ တပ်မဟာ(၂) လက်အောက် ခံရင်း (၁၀)၏ ထိန်းချုပ် နယ်မြေ ဖြစ်ပြီး KIA နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားစဉ်မှစ၍ ၎င်းနေရာသို့ အစိုးရတပ်များ ၀င်ရောက်လာခြင်း မရှိစေရန် ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းမိုင်းများကို KIA အဖွဲ့ကလည်း ပြန် လည် ဖော်မပေးနိုင်ကြောင်း ပြောကြားထားသည့်အတွက် ဒေသခံရွာသားများ အနေဖြင့် လယ်ယာ လုပ် ကိုင်ရန် အခက်ကြုံနေကြရကြောင်း သိရှိရပါသည်။

နော်တူးဇော်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...