Pages

Saturday, June 22, 2013

အမျိုးစောင့်ဥပဒေ ထောက်ခံသူလက်မှတ်ပေါင်း သိန်းချီရတော့မည်ဟု NDF ပါတီမှ ဒေါ်လှဥမ္မာ ပြောကြား

ဒေါ်လှဥမ္မာသည် NDF ပါတီဝင်တစ်ဦးဖြစ်ပြီး အမျိုးစောင့်ဥပဒေကို အပြည့်အ၀ထောက်ခံသည့် လယ်ဝေးမြို့သူ တစ်ဦးဖြစ်ပါသည်။

ထောက်ခံလက်မှတ်များကို ဒေါ်လှဥမ္မာကိုယ်တိုင် လိုက်ကောက်ရာ ခရစ်ယာန်ဘာသာဝင်များနှင့် ဟိန္ဒူများပင် တခဲနက်လက်မှတ်ရေးထိုး ထောက်ခံကြကြောင်း လောလောဆယ် လက်မှတ်ပေါင်း နှစ်သောင်းကျော်ရနေပြီး တစ်သိန်းကျော်ကောက်နိုင်မည်မျှော်လင့်ကြောင်း 27 ရက်နေ့တွင် ကျင်းပမည့် အင်းစိန်ရွာမ သံဃာ့ညီလာခံကိုလည်း လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်လှဥမ္မာသည် အမျိုးဘာသာ သာသနာအတွက် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသောကြောင့် NDF ပါတီကိုသာ ရွေးချယ်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကလည်း လွှတ်တော်ထဲမှာ ထောက်ခံဆွေးနွေးသွားမှာဖြစ်ကြောင်း အားရ၀မ်းသာ ပြောကြားကြောင်းလည်း သိရပါတယ်။
အမျိုးစောင့်ဥပဒေဆိုတာ ခြံစည်းရိုးကာခြင်းပါ။ လူမျိုးတိုင်း ဘာသာတိုင်းမှာရှိသော်လည်း မြန်မာလူမျိုးနှင့် ဗုဒ္ဓဘာသာမှာ မရှိသေးပါဘူး။ လုံခြုံစေချင်ရင် ထောက်ခံနိုင်ပြီး မလုံခြုံစေချင်ဘူးဆိုရင် လွတ်လပ်စွာ ကန့်ကွက် နိုင်ပါသည်။



From : ..wira thu

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...