Pages

Monday, June 24, 2013

သံဃာတော်များ၏ အမျိုးသားရေးလုပ်ရပ် NDF ထောက်ခံဟုဆို


အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သော သံဃာတော်များ လုပ်ရပ် ထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ဇွန် ၂၄ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ဝ၆ (ခ)ပါ ဘာသာ၊ သာသနာနှင့် စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေး များ ပေးထားသော်လည်း အများပြည်သူအကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်း တို့ကို မတားမြစ်ရ ဆိုသည့် အပိုဒ်ကို ကိုးကားပြီး သံဃာတော်များ၏ လုပ်ရပ် သည် ကောင်းမြတ်သော အစဉ်အလာကို အတုယူသဖြင့် ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။


အဆိုပါ ထုတ်ပြန်ကြေညာချက်အတွင်း သံဃာတော်အချို့ လှုံ့ဆော်စည်း ရုံးနေသော မျိုးစောင့်ဥပဒေကြမ်း ကိစ္စကို တိုက်ရိုက်ထောက်ခံခြင်း သဘောမျိုး ဖော်ပြထားခြင်းမရှိခဲ့ပေ။

တိုင်းမ်မျက်နှာဖုံးပါ ဆောင်းပါးကိုလည်း မှားယွင်းတဲ့စွပ်စွဲရေးသားမှုအဖြစ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာချက်မှာဖော်ပြခဲ့သည်။ မြန်မာအစိုးရက အလားတူ ကန့်ကွက်ကြောင်း ကြေညာပြီး တစ်ရက် အကြာမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က ကန့်ကွက်လိုက်ခြင်းဖြစ်သည်။ သို့သော် လူ့အခွင့် အရေးနှင့် လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးများကို အလေးမထားသော ခွဲခြားဆက်ဆံမှုများကိုလည်းလုံးဝ လက်မခံ ဟု ဖော်ပြထားသည်။
 

Kamayut Media

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...