Pages

Monday, June 24, 2013

လာဘ်စားသည့် NLD ခရိုင်ဘဏ္ဍာရေး အဖွဲ့ဝင်၏အိမ် ဖောက်ထွင်းခံရ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ရန်ကုန်အနောက်ပိုင်းခရိုင် ဘဏ္ဍာရေး အဖွဲ့ဝင်တစ်ဦး၏အိမ်
ဖောက်ထွင်းခံရ သည်ဟု မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းတွင် ဇွန် ၂၁ ရက်က တိုင်တန်းထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။

အိမ်ဖောက်ထွင်းခံရသူ NLD ပါတီဝင် သည် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက် ဦးရေခဲလမ်းတွင် နေထိုင်သည့်
ဒေါ်ခင်မျိုးအေးဖြစ် သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းက အိပ်ရာမှနိုးချိန်တွင် နေအိမ် အောက်ထပ် တံခါးမကြီးမှာ ပွင့်နေပြီး တံခါးမကြီး၏ မှန်နှစ်ချပ်မှာလည်း ပွင့်နေသဖြင့် အိမ်တွင်ထားရှိသော ပစ္စည်းများကို စစ်ဆေး ခဲ့သည်ဟု ရဲဌာနကို ထွက်ဆိုထားသည်။

ထိုသို့စစ်ဆေးရာ နေအိမ် အိပ်ခန်းကု တင်ခေါင်းရင်းတွင် ထားသည့် အိတ်ထဲတွင် ရှိသောံဏ အမျိုးအစား လက်ပ်တော့ ကွန် ပျူတာတစ်လုံး၊ အလေးချိန် နှစ်ပဲခန့်ရှိသည့် လက်စွပ်တစ်ကွင်း၊ မိုးစက်ပုံ ပတ္တမြား လက် စွပ် တစ်ကွင်းနှင့် ငွေစက္ကူအချို့ ပျောက်ဆုံး နေသည်ဟုလည်း ရဲဌာနက မှတ်တမ်းတင် ထားသည်။

ပျောက်ဆုံးသွားသည့် ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ် ၉၃ဝဝဝဝ ခန့်ရှိ ကြောင်း ကာယကံရှင်က ရဲများကို တိုင်တန်း ရာတွင် ပြောကြားထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဒေါ်ခင်မျိုးအေးကို ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားခြင်း မရှိသလို၊ သူတိုင် ကြားထားသည့် ဘုရင့်နောင် ရဲစခန်းကလည်း ယင်းအမှုနှင့်ပတ်သက်၍ မဇ္ဈိမကို အသေးစိတ် မပြောကြားပေ။

ပစ္စည်းများ ပျောက်ဆုံးမှုကို ရဲဌာနက စုံစမ်းလျှက်ရှိပြီး ယခုအမှုကို အမှုအမှတ် (ပ)၂၂၂/၁၃ ဖြင့် အမှုဖွင့်ထားသည် ဟု တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပြီး ခိုးသူကို ဖမ်းမိရေး ကြိုးပမ်းလျှက်ရှိသည်ဟုလည်း ရဲမှတ်တမ်း ထုတ်ပြန်ချက်တွင် ပါ ရှိသည်။

From: Mizzima News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...