Pages

Sunday, June 23, 2013

Time မဂ္ဂဇင်းရဲ့ ဖော်ပြချက် ဒေါက်တာ သန်းထွဋ်အောင် ကန့်ကွက်

ဆရာတော် ဦးဝီရသူအား Time မဂ္ဂဇင်းက "The Face of Buddhist Terror" ဟု ဖော်ပြထားချက်အား Eleven Media Group က လုံးဝ သဘောမတူပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်အပ်ပါသည်

"ကျွန်တော်အနေနဲ့ ဆရာတော်ဦးဝီရသူနဲ့ အယူအဆ အတော်များများ မတိုက်ဆိုင်ပါဘူး။ ဒါပေမယ့် Time မဂ္ဂဇင်းက ဒါမျိုးလုပ်တာကိုတော့ လုံးဝ လက်မခံဘူး။ သံဃာတစ်ပါးအနေနဲ့တော့ ပါရာဇိကကံ မကျသ၍ သံဃာဟာ သံဃာပါပဲ။ မစိုးရိမ်ကျောင်းတိုက်မှာ နာယက ဆရာတော်တစ်ပါးဖြစ်ဖို့ မလွယ်ဘူးဆိုတာ ကျွန်တော်သိတယ်။

ဘာသာရေးဟာ မဏ္ဍိုင်ကြီး သုံးခုနဲ့ ကင်းကင်းရှင်းရှင်း မရပ်တည်တာတွေ၊ ဗုဒ္ဓဘာသာနဲ့ ပက်သတ်လို့ အလွန်အကျွံ အစွန်းရောက်တာတွေ၊ လူနည်းစု မွတ်စလင်တွေကို အမုန်းပွားပြီး သူတို့ရဲ့ စီးပွားရေး လူမှုရေး ထိခိုက်အောင် လုပ်တာတွေကိုတော့ ကျွန်တော် လုံးဝ သဘောမတူပါဘူး။ ဆရာတော် ဦးဝီရသူနဲ့ အမြင်မတူတာက သီးခြားစီပါ။ Time မဂ္ဂဇင်းက အခုလို လုပ်တာကိုတော့ လက်မခံနိုင်ပါဘူး။

Time မဂ္ဂဇင်းရဲ့ ဖော်ပြချက်က မျှတမှုမရှိတဲ့ လုပ်ရပ်လို့ ဂျာနယ်လစ် တစ်ယောက်အနေနဲ့ ယူဆပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ဘာသာ၊သာသနာကို အထင်သေး အမြင်အသေး လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ကန့်ကွက်ပါတယ်။

Time ရဲ့ ဒီလုပ်ရပ်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ခရီးလမ်းအတွက် အနှောက်အယှက် ဖြစ်စေပါတယ်။ မလိုအပ်ဘဲ ပဋိပက္ခကို ပိုဆိုးသွားစေနိုင်တယ်" - ဒေါက်တာ သန်းထွဋ်အောင် CEO (Eleven Media Group).


From : .. ဒေါက်တာ သန်းထွဋ်အောင် CEO (Eleven Media Group).

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...