Pages

Thursday, July 25, 2013

တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆက်ဆံရေးကော်မတီ အလုပ်အဖွဲ့ စတင်ဖွဲ့စည်း

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်ငန်းကော်မတီတစ်ခုဖြစ်တဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကော်မတီဟာ ပြည်နယ်တွေမှာ အောက်ခြေအဆင့် အလုပ်အဖွဲ့တွေကို စတင်ဖွဲ့စည်းတော့မယ်လို့ သိရပါတယ်။

တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုပိုမိုရှိစေရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ပိုမိုနားလည် သိရှိစေရေးအတွက် ပြည်နယ်တွေမှာ ဖွဲ့စည်းတော့မှာလို့ ဗဟိုတိုင်းရင်းသားရေး ဆက်ဆံရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းဟိန် က RFAကိုပြောပါတယ်။


အဲ့ဒီအောက်ခြေအဆင့် အလုပ်အဖွဲ့တွေကို ပြည်နယ်တွေအပြင် တိုင်းရင်းသားအများစုနေထိုင်ကြတဲ့ တိုင်း ဒေသကြီးတွေမှာလည်း ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီတွေကို ဧပြီလ ၃ဝ ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာ ဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆက်ဆံရေးကော်မတီဥက္ကဌ ဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...