ထပ်မံရောင်းချမည့် ကျပ်တစ် ထောင့်ငါးရာတန် ဂျီနှင့် WCDMA ဖုန်းကြောင့် လိုင်းကျပ်မှု မရှိအောင် တိုးချဲ့ ဆောင်ရွက် ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယခုလ၌ ကျပ်ထောင့်ငါးရာ တန် ဂျီဖုန်းနှင့် WCDMA ဖုန်းများ ကို ရောင်းချတော့မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိနေပြီး မိုဘိုင်းဖုန်း ဆိုင်အချို့မှာလည်း ဂျီဖုန်းဟန်းဆက်အ ချို့ကို တင်သွင်းမှုများ ပြုလုပ်နေ ကြ သည်။
''ဒီလစပြီး ဂျီတွေ ရောင်းမရောင်း ဆိုတာတော့ သေချာ မပြောနိုင်သေးဘူး။ လူကြီးတွေဆုံးဖြတ်ပြီးမှပဲ အတည်ပြု ပေးနိုင် မယ်။ ရောင်းမယ်ဆိုရင်လည်း လိုင်းကျပ်မှု မရှိနိုင်ပါဘူး။ လိုင်းတွေ တိုးချဲ့ ဆောင်ရွက်ထားပါတယ်''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင် ဂျင်နီယာမှူး တစ်ဦးက ပြောသည်။
ယင်းသို့ အတည်ပြုနိုင်ခြင်း မရှိ သော်လည်း ဆက်သွယ်ရေးနှင့် နီးစပ် သည့် အသိုင်းအဝိုင်းနှင့် မိုဘိုင်းဖုန်းဆိုင် အချို့မှာ ဂျီဖုန်းရောင်း ရန် သေချာသ လောက်ရှိသည့် အနေအထားတွင် ရှိနေ ကြောင်း သတင်းများထွက်ပေါ်နေသည့် အပြင် ယခင်မိုဘိုင်းအင်ဂျင်နီ ယာချုပ် ဟောင်း ဦးဌေးဝင်း၏ ပြောပြချက်များ အရ ယခုလတွင် ဂျီဖုန်းများ ရောင်းချရန် မှာ ဖြစ်နိုင်ခြေရှိကြောင်း မိုဘိုင်းဖုန်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြ သည်။
ယခင်မိုဘိုင်းအင်ဂျင်နီယာချုပ် က လက်ရှိရောင်းပေးနေသည့် ကျပ် တစ်ထောင့်ငါးရာတန် WCDMA ဖုန်း များ တစ်သန်းရောင်းပေးပြီးပါက ဂျီနှင့် WCDMA ဖုန်းများကိုMPT တံဆိပ် ဖြင့် ဆက်လက်ရောင်းချမည်ဟု ပြော ဆိုထားသည်။ ပုဇွန်တောင်မြို့နယ်မှ Joker မို ဘိုင်းဖုန်းဆိုင် ပိုင်ရှင် တစ်ဦးက ''ကျွန် တော်တို့ အဆက် အသွယ်နဲ့ကြားရသ လောက်ကတော့ ဒီလ ဂျီတွေ ရောင်းမှာ ပါ။
ဒါကြောင့် ဟန်းဆက်အချို့ ထပ် တင်သွင်း တာပါ''ဟုပြောသည်။ ဂျီနှင့် WCDMA ဖုန်းများ ရောင်း ချမည်ဆိုပါက ကျပ်တစ်ထောင့် ငါးရာ နှုန်းဖြင့်သာ ရောင်းမည်ဖြစ်ကြောင်းဖုန်း အရေအတွက်မှာသုံးသိန်း ငါးသောင်း ရှိမည်ဖြစ်ပြီး လိုင်းကျပ်မှု ရှိမည်မဟုတ် ကြောင်း ဆက်သွယ်ရေး မှ အင်ဂျင်နီယာ မှူးထံမှ သိရသည်။
From:Popular
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...