Pages

Tuesday, July 9, 2013

ဦးခေါင်းခွံမပါ ကလေးငယ်တစ်ဦး တောင်ငူမြို့  ဆေးရုံကြီးတွင် မွေးဖွား

9.7.2013 ရက်နေ့နံနက် 10 နာရီအချိန်က ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ ဆေးရုံကြီး မီးယပ်သားဖွားခန်းတွင် မနှင်းဝတ်ရည် အသက် (၂၅)နှစ် (ဘ)ဦးစိုးလွင် အလုပ်အကိုင်မှီခို အိမ်အမှတ် (၅၃၁) မြို့မကျောင်းလမ်းသွယ် နယ်မြေ (၈) ၁၉ ရပ်ကွက် တောင်ငူမြို့နေသူမှ မီးဖွားရာ ဦးခေါင်းခွံမပါသော မိန်းကလေး ကိုယ်အလေးချိန် (၅ ပေါင် ၆အောင်စ )အားမွေးဖွားခဲ့ပါသည်။


ယင်းကလေးမှာ ယခုအချိန်ထိ အသက် ရှင်လျှက်ရှိပီး  ၊  တောင်ငူမြို့ ဆေးရုံကြီးမှ ဒေါက်တာဒေါ်စန္ဒာမြင့်မှ အနီးကပ် ကြီးကြပ်ကုသလျှက်ရှိပါသည်။

ကလေးဖခင်မှာ ဦးအောင်ကိုဝင်း အသက်(၂၈) နှစ် (ဘ) ဦးဝင်းကြည် ဈေးရောင်းအိမ်အမှတ် (၅၃၁) မြို့မကျောင်းလမ်းသွယ် နယ်မြေ (၈) ၁၉ ရပ်ကွက် တောင်ငူမြို့နေသူဖြစ်ကြောင်း သိရှိရပါသည်။

Myanmar News Now

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...