Pages

Monday, July 15, 2013

မုဒိန်း ပြုကျင့်သူများဟု စွပ်စွဲခံရသူ နှစ်ဦးကို သံတွဲတွင် ဇူလိုင်လ ၁၅ ရက်နေ့ ရုံးထုတ်မည်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား မုဒိမ်း ပြုကျင့်သူများဟု စွပ်စွဲခံထားရသူ (၂) ဦးကို လာမည့် ဇူလိုင်လ ၁၅ ရက် တနင်္လာနေ့တွင် ရုံးတင် စစ်ဆေးမည်ဟု သတင်း ရရှိသည်။

“ သူတို့ ၂ ဦးကို ဒီလ ၉ ရက်နေ့က သံတွဲမြို့နယ် တရားရုံးမှာ ခဏလေး ရုံးထုတ်ပြီး ရမန်ယူပါတယ်။ ဒီနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ရုံးပြန်တင်ဖို့ တရားသူကြီးက အမိန့်ချပါတယ်” ဟု တရားရေး ၀န်ထမ်း တစ်ဦးက ပြောသည်။

မုဒိမ်းပြုကျင့်သူများဟု စွပ်စွဲခံထားရသူ (၂) ဦးမှာ ကမန်လူမျိုး၊ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည့် သံတွဲမြို့မှ ကိုနိုင်သူနှင့် ကိုမင်းနိုင် (ခ) ဗေလုဝ (ခ) ငပြူးတို့ ဖြစ်ကြသည်။

သူတို့ နှစ်ဦးသည် ဆပ်သွားကျေးရွာ အဒေါ်အိမ်မှ နေပြီး တောင်ကုတ်သို့ ပြန်သူ မစုစုမွန် (၁၅) နှစ်အား ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် သံတွဲကားဂိတ်မှ ဟိုတည် တစ်ခုသို့ ပို့ဆောင်ပေးမည်ဟု တက်စီ ဆိုင်ကယ် တစ်စီးဖြင့် ခေါ်ယူကာ နောက်ပိုင်းတွင် အတင်းအဓမ္မ မုဒိမ်းပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

အဆိုပါ သတင်း အပြင်သို့ ပျံ့နှံ့သွားပြီးနောက် သံတွဲမြို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင် ဘာသာဝင်များ အကြား ဇွန်လ ၃၀ ရက်နေ့က အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး နေအိမ် တချို့လည်း မီးလောင် ဆုံးရှုံးခဲ့ရသည်။

၎င်းနောက်ပိုင်းတွင် ဒေသဆိုင်ရာ အာဏာပိုင်များက ညမထွက်ရ၊ လူစု လူဝေး မလုပ်ရ အမိန့် (ပုဒ်မ ၁၄၄) ကို ချက်ချင်း ထုတ်ပြန်ကာ အခြေအနေကို ထိန်းသိမ်းခဲ့ရသည်။

မုဒိမ်းပြုကျင့်ခံရသူ မစုစုမွန်မှာ ယခုအခါ အုပ်ထိန်းသူ မိဖများနှင့် အတူ တောင်ကုတ်တွင် ရှိနေပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင် တရားရုံးသို့ အမူ လာရောက် ရင်ဆိုင်မည်လား ဆိုသည်ကို သဲကွဲစွာ မသိရသေးကြောင်း ဆိုသည်။

အမူကို ကြားနာ စစ်ဆေးစဉ် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် အများပြည်သူများ တက်ရောက်နားထောင်ခွင့်ကို သက်ဆိုင်ရာမှ ပိတ်ပင်ထားမည်ဟု ပြောကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

From:News Collection

1 comment:

  1. ငါလိုးမ​ခွေးကလား မင်းတို့ဖင်​ကိုပြန်​လိုးပြမယ်

    ReplyDelete

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...