Pages

Tuesday, July 16, 2013

တက္ကသိုလ်ဝင်တန်း အမှတ် ၄၆၀ နှင့်အထက်ရရှိပြီး တက္ကသိုလ်တက်ရန် အခက်အခဲရှိပါက ထောက်ပံ့မည်

၂၀၁၂-၂၀၁၃ အခြေခံပညာအထက်တန်းစာမေးပွဲတွင် အမှတ် ၄၆၀ နှင့် အထက်ရရှိပြီး တက္ကသိုလ်တက်ရန် ငွေရေးကြေးရေးခက်ခဲသူများကို ရန်ကုန်အခြေစိုက် ပညာရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် ဘ၀ဒါနမှ
ပညာသင်စရိတ်ထောက်ပံ့ပေးမည် ဖြစ်သည်ဟု ယင်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာသင်စရိတ်ထောက်ပံ့ရာတွင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများမှ ကျောင်းသားများကို အဓိကထောက်ပံ့ပေးမည်ဖြစ်ပြီးအခြား ပြည်နယ်နှင့် တိုင်းများမှ လိုအပ်သူများကိုလည်း ထောက်ပံ့ပေးမည် ဖြစ်သည်။

ယင်းသို့ ထောက်ပံ့မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး တာဝန်ရှိသူက “အထူးသဖြင့် ကျေးလက်ဒေသက ကလေးတွေအတွက်ပါ။ ဘယ်တိုင်းက ဘယ်နှစ်ယောက်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ ကျောင်းသား တစ်ယောက်ချင်းစီကို ပညာပြီးဆုံးသည်အထိ ထောက်ပံ့ပေးသွားမှာပါ”ဟု ပြောသည်။

ပညာသင် စရိတ်ထောက်ပံ့ကြေး ယူလိုသော ၂၀၁၂-၂၀၁၃ အခြေခံပညာအထက်တန်းစာမေးပွဲကို အမှတ် ၄၆၀ နှင့် အထက်ရရှိပြီး ဆေးတက္ကသိုလ်၊ သွားဆေးတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်၊ စက်မှု၊ သူနာပြု၊ ပညာရေး၊ စီးပွားရေးတက္ကသိုလ်များသို့ တက်ရောက်မည့် သူများသည် အမှန်တကယ် ငွေရေး ကြေးရေး အခက်ခဲရှိပါက ဘ၀ဒါနသို့ ဆက်သွယ်နိုင်ဟု သိရသည်။

ပညာသင်စရိတ် ရယူလိုများသည် တက္ကသိုလ်တက်ရန် အမှန်တကယ်ငွေကြေး အခက်အခဲရှိကြောင်းနှင့် အကျင့်စာရိတ်္တကောင်း မွန်ကြောင်းကျေးရွာ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ၊ ကိုယ်ရေးရာဇ၀င် အကျဉ်း၊ ဓါတ်ပုံနှစ်ပုံ၊ ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို ပေးပို့နိုင်သည်။

ဘ၀ဒါနသို့ ဆက်သွယ်ရန်လိပ်စာမှာ အမှတ်၁၁-၊ မြင်းမိုရ်လမ်း၊ စမ်းချောင်း၊ ရန်ကုန်၊ ဖုန်းနံပါတ် ၀၁-၅၃၅ ၁၅၈၊ ၀၉-၄၄ ၈၀၁၃၈၂၀ ဖြစ်သည်။

From:Mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...