Pages

Wednesday, July 17, 2013

ဆိုတေးအား ထိုင်းတွင်ဆေးကုသမှုခံယူရန် ၄င်း၏ဇနီးမှ တာဝန်ယူပေးမည်ဟုဆို

   
ကားအက်ဆီဒင့်ဖြစ်မှုကြောင့်မန္တလေးဆေးရုံတွင်တေးကုသမှုခံယူနေရသောတေးသံရှင်ဆိုတေး၏အခြေအနေမှာမသက်သာပါက ထိုင်းနိုင်ငံရှိဆေးရုံ၌ဆေးကုသမှုခံယူနိုင်ရေး အတွက် ၄င်း၏ဇနီးဆိုသူ မချိုချို(ခ) Cream က တာဝန်ယူကု သပေးသွား မည်ဖြစ်ကြောင်း ပြောသည်။ ၄င်းနှင့်ဆိုတေး(ခ)အောင်သ က်ပိုင်တို.မှာ မြ ၀တီမြို.တွင်တွေ. ဆုံချစ်ကြိုက်ကာထိုင်းနိုင်ငံ၊ ဘန်ကောက်မြို.တွင်အ တူပေါင်းသင်းနေ ထိုင်ခဲ.ခြင်းဖြစ်ပြီးဇွန်လ အတွင်းကဆိုတေးမှ ၄င်း၏ ဇနီးဆိုသူအား၎င်း၏မိသားစုဝင်များနှင့်တွေ.ဆုံပေးခဲ.ကြောင်း၊ထိုနောက် ဇူလိုင်လ(၄) ရက်နေ.တွင် ၄င်းတို.နှစ်ဦးသည်ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ ၄င်းဇနီးဟုဆိုသောအမျိုး သမီးနှင့်အတူ သွားရောက်နေထိုင်ခဲ.ကြကြောင်း ၊ ထို.နောက်ဆိုတေး သည်
မြန်မာနိုင်ငံ၌၄င်းလက်ခံထားသောရှိုးပွဲရှိသည်ဟုဆိုကာ၎င်းမှ ဘန်ကောက်မှရန်ကုန် သို.လေယာဉ်ဖြင့် လည်းကောင်း၊၄င်း၏အမျိုးသမီးဖြစ်သူကမဲဆောက်မှ ရန်ကုန်သို.လည်းကောင်းဇူလိုင်(၁၀)ရက်နေ. တွင်ရောက်ရှိ ခဲ.ကြကြောင်း၊၄င်းနောက်ဆိုတေးမှ၎င်း၏အမျိုးသမီးဖြစ်သူအားရန်ကုန်ရှိဟိုတယ်တစ်ခုတွင်ခေတ္တထားခဲ.ကာပုဂံမြို.တွင်ရှိုးပွဲရှိ သည်ဟုဆိုကာဇူလိုင်လ(၁၄)ရက်နေ.တွင် တောင်သာမြို.သိုရန်ကုန်-

မန္တလေးအမြန်လမ်းမှသွားရောက်စဉ်ယာဉ်တိမ်းမှောက်မှုဖြစ် ပွားခဲ.ခြင်းဖြစ်ကြောင်း ၄င်း၏အမျိုးသမီးဖြစ် သူ ဟုဆိုသူ မချိုချို(ခ) Cream ကပြောသည်။ ကျွန်မ သူကားမှောက်တယ်လို. သတင်းကြားကြား ချင်းမန္တလေးဆေးရုံကိုလိုက်သွားပေမဲ. သူမိသားစုတွေကကျွန်မကိုသူနဲ.တွေ.ခွင့် မပေးခဲ.တဲ.အပြင်ကျွန်မတို.နှစ်ယောက်ရဲ. စ္စကိုဘယ်သူမျမသိအောင်နေပေးဖို.သူ.အစ်ကိုကပြောခဲ.တယ်။

 နောက်ထပ်သိရတာက သူနဲ.အတူပါသွားပြီးဆုံးသွားတဲ.မိန်းကလေးက အရင်ကျွန်မနဲ.စတွေ.စဉ်တုန်းက ပါလာခဲ .ပေမဲ. သူကို.မေးကြည့်တော့သူကသူနဲ.ဘာမှမပတ်သတ်ဘူးလို.ပြောခဲ.ပြီးကျွန်မကို ချစ်ရေးဆိုခဲ. လို. သူ.အချစ်ကိုလက်ခံခဲ.ပြီးအတူပေါင်းသင်းနေထိုင်ခဲ.တာ။နောက်ပြီးဒီ ကိစ္စကိုသူမိသားစုတွေ လည်းသိတယ်။အခုသတင်းတွေထွက်တော့သေဆုံးသွားတဲ.မိန်းကလေးကသူ.ဇနီးဆိုပြီးသတင်းတွေ ထွက်နေတာနဲ .ကျွန်မအပေါ်သူမိသားစုက ဆက်ဆံတာမကြိုက်လို. အခုလိုပြောရတာပါ။ဟု ၄င်းကဆို သည်။ ထို.အပြင် မန္တလေးဆေးရုံသို.ဆိုတေး၏အခြေအနေအားကြည့်ရန်သွားရောက်စဉ် ၄င်း၏အကို  ဖြစ်သူ ကိုဇာနည်ဆိုသူမှဆိုတေးနှင့်ပတ်သတ်သောကိစ္စများအားအခြားမည်သူကိုမှ မပြောရန်ပြော ဆိုခဲ.သည်ဟုသူမကထပ်မံပြောသည်။ ကျွန်မအနေနဲ.ဆိုတေးကိုတကယ်ချစ်ခဲ.တာပါ။သူဘာသာကျွန်မအပေါ်ဘယ်လိုပဲလိမ်လိမ် ကျွန်မအနေနဲ.သူ.အပေါ်မှာစိတ်ဆိုးမိသလိုအရမ်းလည်းသနားမိတယ်။

သူ.အပေါ်ထားတဲ. အချစ်တွေလည်းပျောက်သွားမှာမဟုတ်ပါဘူး။အခုမန္တလေးဆေး၇ုံမှာသူ. အခြေအနေ မကောင်း ရင်ဘန်ကောက် ကဆေးရုံမှာသူရောဂါလုံးဝပျောက်ကင်းသွားတဲ. အထိဆေးကုပေး သွား ဖို.အထိစီစဉ် ထား တယ်ဟု၎င်းကထပ်လောင်းပြောသည်။ အဆိုပါသတင်းနှင့်ပတ် သတ် ၍တေးသံရှင်ဆိုတေး၏ဇနီးဖြစ်သူဟုဆိုသောမချိုချို(ခ)Cream၏ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ပြီးအသေးစိတ်သိရှိလိုပါက၄င်းအား ဆက်သွယ်မေးမြန်းနိုင်ကြပါသည်။အထက်ပါသတင်းတွင်ဖောပြထားသောဓာတ်ပုံများမှာလည်း ကာယကံရှင်၏သဘောတူခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ကြောင်းထပ်လောင်းအသိပေး အပ်ပါသည်။

 တေးသံရှင်ဆိုတေးနှင့်၎င်း၏ဇနီးဆိုသော မချိုချို တို.ကားအက်ဆီဒင့်မဖြစ်မှီယခုနှစ်ဇူလိုင် လ အတွင်းထိုင်းနိုင်ငံ ဘန်ကောက်တွင်အမှတ်တရရိုက်ကူးထားသောဓာတ်ပုံအချို.



 
From:ရဲရင့်ငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...