Pages

Wednesday, July 17, 2013

ကေတီဗွီအချို့ ပါတီအမည်ခံ ဖွင့်ထားကြောင်း တာဝန်ရှိသူပြောကြား

ကလေးမြို့၊တပ်ဦးသီတာ ရပ်ကွက် ပါတီအချို့ အမည်ခံများဖြင့် ဖွင့်လှစ်ထား   သော   ကေတီဗွီ များရှိနေကြောင်း၊ အဆိုပါ ရပ်ကွက်ရှိ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။ ကလေးမြို့ မူးယစ်ဆေးဝါး ကိစ္စ များနှင့် ပတ်သက်၍ နေပြည် တော်မှ ဒုရဲချုပ်ဦးဆောင်သော အဖွဲ့ ကလေးမြို့သို့ ရောက်ရှိလာ ချိန်ကတည်း က တရားမ၀င်အမှု များအားလိုက်လံဖော်ထုတ်လျက် ရှိရာ ကလေးမြို့ ကေတီဗွီများ လည်းပိတ် ထားပြီးမြို့နယ်အုပ်ချုပ် ရေးရုံးမှလည်း ဇူလိုင်လ (၄) ရက် ကတည်းက တရားမ၀င် လုပ်ကိုင် နေသောကေတီဗွီလုပ်ငန်းများအား သက်ဆိုင်ရာရပ်ကွက်အသီးသီးရှိ အုပ်ချုပ်ရေးမှူးများသို့ ဖမ်းဆီး အရေးယူရန် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။

““လက်ရှိ ကျွန်တော်တို့ ရပ် ကွက်မှာ ကေတီဗွီ သုံးခုရှိတယ်။ တစ်ခုက NLDပါတီစည်းရုံးရေးမှူး ကသူ့ အမည်နဲ့ ဖွင့်ထားတယ်။တစ်ခုက ကလေးဝက ၈၈မျိုးဆက်ကျောင်းသားဆိုတဲ့သူက လူတစ်   ယောက်  နာမည်နဲ့ ဖွင့်ထားတာ၊ အခု မိန်းမက မန်နေဂျာလုပ်နေ တယ်။အခုတော့ မလာတော့ဘူး။ အရင်ကတော့ တစ်ပတ်တစ် ခေါက်လာတယ်။ နောက်တစ်ခု ကတော့ ကျားဖြူပါတီ အမည်ခံနဲ့ပါ”” ဟု ၎င်းကဆက်လက်ပြောကြား ခဲ့သည်။ လက်ရှိအချိန်တွင် ကေတီဗွီများ ဖွင့်လှစ်ခြင်းမရှိ သော်လည်း တိတ်တဆိတ် ပြည်တန်ဆာ လုပ်ငန်းများ ဆက် လက်လုပ်ကိုင်နေကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့သည်။

From: MIN YE SIS NAING

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...