
အဆိုပါကုမ္ပဏီသည် ရန်ကုန်မြို့တော် ဗဟန်းမြို့နယ်ရှိ Myanmar YKK Golden Hill Towers ကို တည်ဆောက်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်ထားသော်လည်း ယခုမှသာ တရားဝင် ရုံးခွဲဖွင့်လှစ်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း DICA ထံမှ သိရသည်။
ထို့အပြင် ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် Mass Rapid Transport (MRT) System တည်ဆောက်ရန် ကြိုးပမ်းနေသော အင်ဒိုနီးရှားကုမ္ပဏီ Acset Myanmar Ltd နှင့် မိတ်ဖက်ကုမ္ပဏီအဖြစ် အင်ဒိုနီးရှားနိုင်ငံတွင် MRT System တည်ဆောက်နေသည်။
“တိုင်းပြည်ဖွံ့ဖြိုးလာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေပါ တက်လာတာပေါ့။ ဆောက်စရာတွေက အများကြီးပဲ။ ဟိုတယ်တွေ၊ စက်ရုံတွေ၊ ခေတ်မီ အဆောက်အအုံကြီးတွေ စသဖြင့်ပေါ့။ နောက်ပိုင်း အနောက်တိုင်းက ဆောက်လုပ်ရေးကုမ္ပဏီတွေ ပါဝင်လာဦးမယ် ထင်တယ်” ဟု ပြည်တွင်းစက်မှု လုပ်ငန်းကုမ္ပဏီကြီးတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရန်နောင်က ဆိုသည်။
Sumitomo Mitsui Construction သည် ဟိုတယ်နှင့် အပန်းဖြေစခန်းများ၊ ရုံးအဆောက်အအုံများ၊ ရထားလမ်းများ၊ ဆည်များ၊ အကြီးစားစက်ရုံများ၊ တံတားများနှင့် တူးမြောင်းတည်ဆောက်ရေး လုပ်ငန်းများကို ကမ္ဘာအနှံ့တွင် လုပ်ကိုင်နေသည်။
Sumitomo Mitsui Construction ကုမ္ပဏီကို ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေး ကော်ပိုရေးရှင်းကြီးများ စာရင်းတွင် ပါဝင်သည့် နာမည်ကျော် Sumitomo ကုမ္ပဏီအုပ်စုဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။
DICA က ထုတ်ပြန်ထားသော စာရင်းများအရ ယခုနှစ်ဇွန်လအ ထိ ပြည်ပမှ ဆောက်လုပ်ရေး ကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသော ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၇၆၇ သန်းရှိသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...