
အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃ ခုနှစ် ဇွန်လအထိ ပြည်ထဲရေး ၀န်ကြီးဌာန၊ စီးပွား/ကူးသန်း ၀န်ကြီးဌာန၊ ဘဏ္ဍာ/အခွန် ၀န်ကြီးဌာနနှင့် ပြည်နယ်သုံးခု၊ တိုင်းဒေသကြီး တစ်ခုတို့မှ ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ ကားစီးရေမှာ ၂၀၀၇ စီးနှင့် အထက်ရှိကြောင်း သိရသည်။
နယ်စပ်မှ တရားမ၀င် ကားတင်သွင်းရာတွင် ကချင်ပြည်နယ်မှ လမ်းကြောင်းငါးခု၊ ကယားပြည်နယ်မှ လမ်းကြောင်းနှစ်ခု၊ ကရင်ပြည်နယ်မှ လမ်းကြောင်း ၁၇ ခု၊ တနင်္သာရီမှ လမ်းကြောင်းလေးခု၊ ရှမ်းပြည်နယ်မှ လမ်းကြောင်း ၁၂ ခု စုစုပေါင်း လမ်းကြောင်း ၄၀ ရှိကြောင်း သိရသည်။

"တရားမ၀င် လိုင်စင်မဲ့ယာဉ် ၀င်ရောက်နိုင်တဲ့ လမ်းကြောင်းတွေက ၄၀ ရှိပါတယ်။ ပြည်နယ်အတွင်း ခရီးသွားလာမှု အဆင်ပြေဖို့နဲ့ ကားဝယ်ယူ သုံးစွဲရတာ အဆင်ပြေဖို့အတွက် တရားဝင်ကားတွေကို အရစ်ကျငွေ ချေစနစ်နဲ့ ၀ယ်ယူသုံးစွဲနိုင်အောင် ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး အရောင်းပြခန်း ဖွင့်လှစ်ပေးသွားဖို့ စီစဉ်နေပါတယ်" ဟု ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်း၏ လိုင်စင်မဲ့ကားများ တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်များမှသော် လည်းကောင်း၊ တရားမ၀င် နယ်စပ်ဂိတ်များမှသော် လည်းကောင်း ၀င်ရောက်လာခြင်းကို သိရှိခြင်း ရှိ၊ မရှိ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
တရားမ၀င် လိုင်စင်မဲ့ကားများ ၀င်ရောက်နေမှုအပေါ် လက်ရှိတွင် ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်ခြားစောင့် တပ်၊ ကျေးရွာအုပ်ချုပ်ရေး၊ ပြည်သူ့စစ်တပ်ဖွဲ့များမှ စောင့်ကြည့်စစ်ဆေးသည့်အပြင် ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး အကောက်ခွန်၊ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် ထွေ/အုပ်၊ ကုန်သည်များ အသင်းရုံးတို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် Mobile Team အဖွဲ့ဖြင့်လည်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက် တားဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
နယ်စပ်မှတစ်ဆင့် လိုင်စင်မဲ့ကားများ တင်သွင်းရာတွင် စီးပွား/ကူးသန်း ဦးစီးဌာန၏ ဖမ်းဆီးရမိသည့် စာရင်းများအရ ထိုင်းနှင့်တရုတ် နယ်စပ်များမှ ခိုးသွင်းလျက်ရှိကြောင်း သိရသည်။
စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဖမ်းမိသည့် အစီးရေသည် ၅၉၆ စီးအထိ ရှိပြီး ကျပ် ၁၇ ဒသမ ၈၁၁ ဘီလျံကျော် တန်ဖိုးရှိကြောင်း သိရသည်။
Eleven Media Group
မြ၀တီမြို့တွင်း
တစ်နေရာ (ဓာတ်ပုံ-မင်းသီဟဇော်)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...