Pages

Saturday, July 27, 2013

တောင်သမန်အင်း ရေတိုးချိန်တွင် ဦးပိန်တံတားသို့ ပြည်တွင်းဧည့်သည် လာရောက်မှုပိုများ

တောင်သမန်အင်း ရေမြင့်တက်ချိန်၌ ဦးပိန်တံတားသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်ထက်ပြည်တွင်းဧည့် သည် လာရောက် လည်ပတ်မှု ပိုများကြောင်း သိရသည်။
ဧရာဝတီမြစ်ရေ တိုးချိန်၌ တောင်သမန်အင်းရေ မြင့်တက်လေ့ရှိပြီး အင်းရေတိုးချိန် ဦးပိန်တံတားသို့ မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ ဒေသများမှ လာရောက်ကြည့်ရှု လည်ပတ်လေ့ရှိကြောင်း သိရသည်။


''အင်းရေ တက်လာပြီဆိုရင် ငါးလာများတဲ့သူတွေ၊ အင်းရေပြင်ကို လာကြည့်ပြီး အပန်းဖြေကြသူတွေနဲ့ စည်ကားလာတယ်။ ဒီနှစ်အင်းရေတိုးတာ နည်းနည်း နောက်ကျတယ်။ အရင်နှစ် ဒီလိုအချိန်ဆို အောက်က ဆိုင်ခန်းတွေ အကုန်လုံး ရေမလွတ်တော့ဘူး။ အခုရေက တဖြည်းဖြည်း တက်လာပြီဆိုတော့နောက်ရက် တွေ ပိုစည်လာတော့မှာပါ။ ရုံးပိတ်ရက်နဲ့အခါကြီး ရက်တွေဆို ပြည်တွင်းဧည့်သည် သိသိသာသာတိုးတယ်။ နိုင်ငံခြား ဧည့်သည်ကတော့ ဧည့်ပါးချိန်ဖြစ်လို့ သိပ်မရှိဘူး'' ဟုတောင်သမန်အင်းရှိ အမှတ်တရပစ္စည်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦး က ပြောကြားသည်။

အင်းရေ မြင့်တက်ချိန်တွင် ဧည့်ဝင်ရောက်မှုများပြားလာခြင်းနှင့်အတူရေနည်းချိန်ထက် အပျော်စီးငှက်လှေ စီးသူ များပြားပြီး ငှက်လှော်ခတ်သူများ အဆင်ပြေလေ့ ရှိကြောင်း၊ တောင်သမန်အင်းအတွင်း လာရောက် လည်ပတ်သည့် ဧည့်သည်များ ပို့ဆောင်ပေးသည့် ငှက်လှေ ၄၈ စင်း ရှိကြောင်း သိရသည်။

''ရေကျချိန်ဆိုရင်တော့ ပြည်တွင်းဧည့်သည်ထက် နိုင်ငံခြားခရီးသွားတွေ ပို့ပေးရတာများတယ်။ သူတို့တွေ က ငှက်လှေပေါ်ကနေ ဦးပိန်တံတားနဲ့ နေ၀င်ချိန်ကို ဓာတ်ပုံရိုက်ကြတယ်။ အခုလို နိုင်ငံခြား ဧည့်သည်ပါး တဲ့ အချိန်ကျ ပြည်တွင်းက လာလည်ပတ်တဲ့ သူတွေကိုပဲ အနည်းငယ် ပို့ပေးရတယ်။ ရေတက်တဲ့ အချိန် ဆိုရင် လာရောက်လည်ပတ်သူများတော့ အခေါက်ရေစိပ်တယ်''ဟု ရွှေကြက်ယက်ကျေးရွာမှငှက်လှေလှော် ခတ်သူ ဦးစိုးနိုင်က ပြောကြားသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...