Pages

Thursday, July 25, 2013

ငါးမွှာပူး မွေးမည့် မိခင်

သတ္တိရှိတဲ့ မိခင်လောင်း တစ်ဦးပဲ ဖြစ်ပါတယ်။ သူမ ဗိုက်ထဲမှာ ငါးမွှာပူး သားလောင်းလေးတွေ လွယ်ထားပါတယ်။ ဒါပေမဲ့ သူမက ဒီငါးမွှာပူးလေးကို အကူကိရိယာ သုံးတာမျိုး ၊ ခွဲစိတ်တာမျိုး မသုံးဘဲ သဘာဝ နည်းနဲ့  မွေးဖို့  လုပ်ထားပါတယ်။ အမှန်တော့ ဒီလို အမွှာများရင် ခွဲစိတ်မွေးသင့်တာ ဖြစ်ပြီး အသက်အန္တရယ်လည်း စိုးရိမ်ရလို့  ဖြစ်ပါတယ်။


အစောပိုင်းမှာတော့ ဆရာဝန်များဟာ သူမ ဗိုက်ကို ကြည့်ပြီး အမွာပူးလေး
မွေးမယ်လို့  ခန့် မှန်းကြပါတယ်။ ဒါပေမဲ့ သူတို့ တွက်ကိန်းမှား သွားပါတယ်။ တစ်နေ့ တစ်ခြား ကြီးထွားလာတဲ့ သူမ ဗိုက်ထဲမှာ တကယ်ရှိတာက ငါးမွှာပူးလေး ပါတဲ့။

သူမ အတွက် ရှောရှာရှူရှူလေး ကလေးလေးတွေ မွေးနိုင်အောင် ဆုလေး
တောင်းပေးလိုက်ရအောင်နော် ။

From:စင်္ကာပူဖီးလ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...